( 26 )

402 57 8
                                    

*ဘုတ် !

‌ထိုလူတောင်းတဲ့ပမာဏကိုအိတ်ထဲထည့်ပြီး သူ့ရှေ့ပစ်ချပေးလိုက်တော့ လောဘတွေပြည့်နေတဲ့မျက်လုံးတွေနှင့် အိတ်ဆီလက်လှမ်းသည်။

" နေဦး ! "

Jenoအိတ်ကိုပြန်ဆွဲယူလိုက်ပြီး

" မင်းပြောတာအမှန်တွေမှန်း ဘယ်လိုသိနိုင်မှာလဲငါက "

" Jaeminဆိုတဲ့ကောင်လေး ! သိတယ်မလားသူ့ကို "

" ဘာ..! Jaemin! Na Jaemin ? "

" ဟုတ်တယ် အဲ့ဒီNaမျိုးနွယ်ကိုမေးကြည့်လေ ငါ ငါကခိုင်းတဲ့အတိုင်းပဲလုပ်ခဲ့တာ "

" အဲ့ဒီတုန်းကအဖြစ်အပျက်တွေကို တစ်လုံးမကျန်ပြန်ပြောပြစမ်း! ထိန်ချန်ထားတာမျိုးရှိမယ်ဆိုရင် မင်းအသက်ကိုငါ အာမခံနိုင်ဘူး ! "

ဆေးစွဲနေပုံပါရသည့်ထိုလူရဲ့မျက်လုံးတွေကိုစိုက်ကြည့်ပြီး သူပြောလိုက်တော့ ခေါင်းကိုတဆတ်ဆတ်ညိတ်ပြကာ

" ပြောပါ့မယ် အဲ့ဒီတုန်းက..."

အဲ့ဒီတုန်းကထိုလူကဆရာ၀န်ပေါက်စ။
ဆေးရုံကိုရောက်လာတာမကြာသေးသူမို့ စီနီယာတွေကမတူမတန်သလိုဆက်ဆံကြသည်။
မိဘတွေကြောင့်ဆေးကျောင်းတက်ရပြီး ဆရာ၀န်ဖြစ်လာသူမို့ ဝါသနာမပါတဲ့အပြင် အလုပ်သင်တွေထဲထိုလူကဘိတ်ချီးဟုဆိုရမည်။
တစ်နေ့သူ့ဘ၀ပြောင်းလဲမည့်အခွင့်အရေးကြီးတစ်ခုကို လူတယောက်ဆီကနေ ကမ်းလှမ်းခံရသည် ။

ထိုအရာက ကားaccidentဖြစ်ပြီးဆေးရုံရောက်လာသည့်လူနာကို လုံး၀သေလူစာရင်းသွင်းပေးဖို့ပင် ။
အစကမယုံခဲ့ပေမယ့် သူ့ဘဏ်စာအုပ်ထဲရောက်လာသည့် မက်လောက်စရာငွေတွေကြောင့် လောဘတက်ခဲ့ခြင်း ။

သူရခဲ့သည့်တန်ရာတန်ကြေးကအလွန်များပြားသော်လည်း လောင်းကစားစွဲသည့်အပြင် ‌နည်းနည်းဆိုပြီး ရှေ့ဆက်တိုးခဲ့မိသည့်ဆေးတချို့က အခုချိန်မှာသူ့ဘ၀ကိုပြောင်သလင်းခါစေခဲ့ပြီဖြစ်သည် ။
မူးယစ်ဆေးအသုံးပြုတာကိုလူမိသွားသောကြောင့် သူ့ရဲ့ဆရာ၀န်ဂုဏ်ပုဒ်ဟာလည်းပျောက်ရှသွားခဲ့တာကြာပြီ ။
ဘာမှဆုံးရှုံးစရာမရှိတော့တာမို့ ထိုအကြောင်း
တွေကိုJenoဆီပြန်ပြောင်းပြောပြရင်း သူလိုချင်တဲ့ငွေကိုတောင်းရန်အကြံနှင့်ဖြစ်သည်။

𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 )  ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )Where stories live. Discover now