( 27 )

414 60 8
                                    


* Jun !ဘာဖြစ်လို့လဲလို့ ကိုယ်မေးနေတယ်လေ *

“ ဘာမှမဖြစ်ဘူးလို့ပြောပြီး ဖုန်းကိုချလိုက်! ”

ဟင်! ဒီအသံ...!

ဖုန်းကိုင်ထားရင်းထိတ်လန့်နေသည့်RenJunကိုJenoက အနားတိုး၍ကပ်ပြောလိုက်ခြင်းဖြစ်သည်

“ ဟို... ”

“ ဖုန်းကိုမချဘူးဆိုရင် Jaemin‌ကားနောက်မှာရှိနေတဲ့ ငါ့လူတွေက ဘာလုပ်ပစ်မလဲမသိဘူးနော် ..”

“ ဟင်.. ”

* Jun..ကိုယ်အခုချက်ချင်းပြန်လာခဲ့မယ် *

“ ဟင့်အင်း Jaemin ကျွန်တော်အဆင်ပြေပါတယ် ”

* သေချာလို့လား? *

“ တကယ်ပါဆို ”

* အဲ့တာဆိုလည်းပြီးရောလေ ကိုယ်ကိစ္စတွေပြီးတာနဲ့ အမြန်ဆုံးပြန်လာခဲ့မယ်နော် *

“ အင်းပါ.. ”

တီ ~ တီ

တဖက်ကဖုန်းကျသွားပေမဲ့RenJunကိုင်ထားမိဆဲ ။

တုန်ယင်နေတဲ့လက်တွေနဲ့အတူမျက်နှာဖုံးပိုင်ရှင်ကိုကြည့်နေမိတုန်း။

ရယ်သံခပ်တိုးတိုးထွက်ပေါ်လာပြီးနောက် မျက်နှာဖုံးကိုဖြည်းဖြည်းချင်းခွာချလိုက်တဲ့အခါမှာတော့..။

“ ဟင်.. ”

မဟုတ်ပါစေနဲ့ဆိုတဲ့ဆုတောင်းစကားကိုကြားဖို့ နတ်မင်းကြီးဟာအိပ်ပျော်နေခဲ့သလား?

ဒါမှမဟုတ်..သူ့အမြင်အာရုံတွေကပဲမှားယွင်းနေတာလား..?

Jeno..!

ဘယ်တော့မှထပ်မတွေ့ဘူးလို့ဆုံးဖြတ်ထားခဲ့တဲ့လူတယောက်ဟာ RenJunမျက်စိရှေ့မှာ။

“ သိပ်ကိုရင်ခုန်စရာကောင်းတဲ့ဘ၀မျိုးကို အချစ်ကဖန်တီးထားတာပဲ နော်..! ”

အဓိပ္ပါယ်ဖော်မရတဲ့မျက်၀န်းတွေနဲ့Jenoက တလုံးချင်းဆိုသည် ။

“ မဟုတ်ဘူး! Jaeminကငါ့ကိုဒီအတိုင်းစောင့်ရှောက်ပေးထားရုံပဲ ”

“ စောင့်ရှောက်တာက တစ်အိမ်ထဲနေပြီးတစ်ကုတင်ထဲအိပ်ကြတာလား ? ဟမ်!! ”

ကြမ်းတမ်းလွန်းတဲ့စကားတစ်ချို့ကြောင့်RenJun လက်သီးကိုတင်းနေအောင်ဆုပ်လိုက်မိတယ် ။

𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 )  ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )Where stories live. Discover now