( 14 )

356 53 15
                                    

တစ်ချိူ့သောတွေ့ဆုံခြင်းတွေက ချစ်မိဖို့ပဲအကြောင်းဖန်လာကြတယ်။ ကိုယ့်ဘ၀ရဲ့အပျော်ရွှင်ရဆုံးအခိုက်အတန့်တွေကို ရှာဖွေမိတဲ့အခါ အကြီးမားဆုံးအကြောင်းပြချက်က ‘ မင်း ’တဲ့။

‌အခုတလောJရဲ့စာတွေကအချစ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သတ်နေတာများတယ် Jကော ချစ်မိနေတာများလား။
ဘယ်သူလဲတော့မသိပေမဲ့တကယ်ကံကောင်းတဲ့လူပဲ သူကတအားအချစ်ခံရမှာ။

အတွေးနဲ့ခပ်ရေးရေးပြုံးမိတုန်းအခန်းထဲ၀င်လာတဲ့Jenoကထုံးစံအတိုင်းကျွန်တော်Jilinကနေ၀ယ်လာတဲ့Moominရုပ်ကိုဖျက်ခနဲရိုက်တယ် မမြင်ဘူးဆိုပြီးရိုက်လိုက်ပေမဲ့မြင်ဖြစ်အောင်မြင်လိုက်ရသေးတယ်

“ Jeno ကျွန်တော့်အရုပ်ကိုဘာလို့ခဏခဏရိုက်နေတာလဲ ”

“ ဟမ် !... မင်းအရုပ်ကရုပ်ဆိုးလို့လေ ကြည့်ဦး နှာခေါင်းကလဲအရှည်ကြီးနဲ့ ဘာအတွေးနဲ့၀ယ်လာလဲမသိဘူး”

ကျွန်တော်နဲ့ပတ်သတ်ရင်ဘာအပြစ်မှမရှိတဲ့အရုပ်ကိုတောင်မှအပြစ်ရှာနေသေးတဲ့Jenoပါပဲ။

“ နေပါဦး မင်းကဘာတွေစားနေတာလဲ ”

“ ဒါလား..? နေကြာစေ့လေ ”

“ နေကြာစေ့..? အဲ့တာhamsterတွေမှစားတာမဟုတ်ဘူးလား ”

“ လူတွေလဲစားလို့ရပါတယ်Jenoရဲ့ တခါမှမစားဖူးဘူးလား ”

“ ငါစားတာမင်းမြင်ဖူးလို့လား ”

“ ဟုတ်သားပဲ ”

“ အဲ့..အဲ့တာကဘယ်လိုစားရတာလဲ ”

“ Jenoစားချင်လို့လား ဘယ်လိုစားရလဲကျွန်တော်ပြမယ်လေ ”

“........”

“ ဒီမှာ‌တွေ့လား အဲ့တာကိုသွားနဲ့ကိုက်ပြီးခွာလိုက် ပြီးရင်အထဲကအ‌ဆံလေးကိုစားရမှာ ”

“ ဒီဟာလား ဒီသေးသေးလေးကိုလေ ”

“ အင်း..Jenoစားကြည့်..။  ‌ဆိမ့်နေတာပဲမလား ”

“ ဆိမ့်ပေမဲ့အခွံတွေနဲ့အလုပ်ရှုပ်တယ် ဘာတွေစားနေမှန်းမသိဘူး ”

ပြောပြီးထွက်သွားပြန်တဲ့Jenoကတခါတလေနားလည်ရခက်နေပြန်တယ်။
တစ်ခါကလဲကျွန်တော်လွှင့်ပစ်ဖို့တင်ထားတဲ့ဂျယ်လီတွေကိုစားပြီး  သူမဟုတ်သလိုနေတတ်သေးတာ။
အဲ့တာလွှင့်ပစ်ဖို့ဆိုပြီးပြောလိုက်တော့ မျက်လုံးကွေးကွေးတွေပြူးလာတာကိုမြင်လိုက်ရသေးတယ်။
Jenoကလေ ဆိုးချင်ယောင်ဆောင်နေတတ်တဲ့ခွေးပေါက်လေးလိုပဲ။

𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 )  ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )Where stories live. Discover now