( 20 )

405 60 12
                                    

ဒယ်ဒီသတ်ိမရလာတာဆယ်ရက်ရှိပြီ။
Seoulကဆေးရုံကိုလည်းပြောင်းထားပြီးပြီမို့ အိမ်နဲ့တော့သိပ်မဝေးတော့ပါ

ဆေးရုံ၀န်းထဲမှာရှိတဲ့ခုံတန်းရှည်လေးမှာထိုင်ရင်းစဉ်းစားနေမိတာဒယ်ဒီပြောပြတဲ့ ပါပါးနဲ့ဒယ်ဒီတို့ရဲ့အကြောင်း။

တိတ်ဆိတ်နေတဲ့စာဖတ်ခန်းထဲဒယ်ဒီပြောပြတဲ့‌အကြောင်းအရာတွေကပုံပြင်တပုဒ်လို လွမ်းမောဖွယ်ကောင်းခဲ့သလို ပါပါးကိုလည်းပိုပြီးလွမ်းလာမိသည်။

“ တအားနောက်ကျမှပြောပြဖြစ်ခဲ့တဲ့အတွက်သားကိုဒယ်ဒီ တောင်းပန်ပါတယ် ”

“ ဒီကိစ္စတွေကိုJenoကော သိထားခဲ့လားဒယ်ဒီ ”

“ ဟင့်အင်း။ သားငယ်ကမသိလောက်ဘူး ”

ဒယ်ဒီ့အမျိုးသမီးအကြောင်းသူထုတ်ပြောမယ်စဉ်းစားခဲ့ပေမဲ့ စိတ်ပုံမှန်မဖြစ်သေးတဲ့Jenoကြောင့်သူလက်လျှော့ခဲ့လိုက်တာ။
သူပြောလိုက်လို့ဒယ်ဒီတို့စကားများကြရင်...
ဒီအတိုင်းမျိုသိပ်ထားရအောင်။ သူအဖြစ်မှန်တွေကိုသိထားပြီးထဲအရင်လိုသူ့ကိုမနှိပ်စက်တော့တာလည်းပါမည်။

“ RenJun ..”

Jenoရဲ့ခေါ်သံကြောင့်သူအတွေးထဲကနေရုန်းထွက်လာခဲ့သည်။
သူထထွက်ဖို့ပြင်တော့လက်‌ကောက်၀တ်ကနေဖမ်းဆွဲထားပြန်သည်။

“ ငါတယောက်ထဲနေချင်တယ် ”

သုံးနေကျ‘ကျွန်တော်’ ဆိုတဲ့နာမ်စားလေးကနေ ‘ငါ’လို့ပြောင်းသွားတာကိုသတိထားမိတယ်ထင် လက်ကိုမလွှတ်ပေးပဲပုခုံးစွန်းတဖက်ကနေကိုင်ပြီး မျက်နှာချင်းဆိုင်ဖြစ်အောင်ဆွဲလှည့်လိုက်ပြီး

“ ငါ့ကိုကြည့် "

“.....”

ဘာမှပြန်ပြောဘူးစဉ်းစားထားပေမဲ့ရုတ်တရက်သူ့စကားတခွန်းကြောင့် ယောင်ရမ်းကာဆတ်ခနဲမော့ကြည့်လိုက်မိသည်

“ ကိုယ့်ကိုကြည့်ပါ RenJunie ..”

_

ဆတ်ခနဲမော့ကြည့်လာသည့်မျက်လုံးဝိုင်းလေးတွေကတခုခုကိုအံ့ဩနေသလိုမျိုး..
အမုန်းမရှိတဲ့မျက်လုံးဝိုင်းလေးတွေကိုသူအကြာကြီးစိုက်ကြည့်နေမိသည်။

𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 )  ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )Where stories live. Discover now