( 13 )

365 54 10
                                    

ဒီနေ့ကတော့Jenoကိုမြို့ထဲလိုက်ပို့ရင်းမရောက်ဖြစ်တာကြာနေတဲ့ ပါပါးနဲ့သူစားနေကျခေါက်ဆွဲဆိုင်လေးကိုသွားမှာမို့မနက်အစောကြီးနိုးနေမိသည်။

ပါပါးနဲ့ပတ်သတ်သမျှအငွေ့အသက်လေးတွေကိုသူရောက်တုန်း အပြည့်အ၀အလွမ်းသယ်မလို့ပင်။

“ Jeno လာ ! ”

“ Jeno ဒါစားလို့ကောင်းတယ် ”

“ Jeno ဒါစားကြည့် ကျွန်တော်အာမခံတယ် ”

တွေ့သမျှဆိုင်လက်ဆွဲခေါ်ပြီးစားသောက်နေတာ မသိရင်သုံးရက်လောက်ငတ်ပြတ်နေတဲ့လူကျနေတာပဲ။
ဆိုင်ရှေ့ရောက်တာနဲ့မှာပြီးသားဖြစ်နေတာမျိုး။
သူ့လက်ထဲကော အဲ့အငတ်လက်ထဲမှာပါအထုတ်တွေကပြည့်နေပြီ။
ဒါတောင်မရပ်တန့်နိုင်သေး'

“ Jeno ဒီခေါက်ဆွဲဆိုင်...”

“ မင်းဗိုက်ကဆံ့သေးတယ်? ”

“ ဒါတကယ်နောက်ဆုံးပါ လာပါ ကျွန်တော်ကျွေးမှာပါ ”

“ လူတွေကအများကြီးပဲ ”

ဆိုင်ရဲ့အရသာကတော်"ကောင်းလို့လားမသိ။
တန်းစီစနစ်နဲ့၀င်ရတာဖြစ်ပြီး သူတို့ရှေ့မှာကိုလူတွေကတသီတတန်းကြီး။

ဒါပေမဲ့Renjunပုံစံကတကယ်စားချင်နေတဲ့ပုံမို့သူ့လက်ထဲကအထုတ်တွေကိုကမ်းပေးပြီး

“ ငါ၀ယ်လာခဲ့မယ် မင်းကဟိုနားလေးမှာစောင့် ဆိုင်ထဲ၀င်စားရင်ညနေတောင်စားရမှာမဟုတ်ဘူး ”

သူပြောပြီးတာနဲ့တန်းစီနေတဲ့လူတန်းကြီးထဲ၀င်ကာရပ်လိုက်သည်။
မတတ်နိုင်ဘူး စားချင်နေတာဆိုတော့လဲ..။

_

“ Jaemin Hyung ! ”

“ ဘာလဲ ဘာဆိုင်တွေ့ပြန်ပြီလဲ ငါတို့Jisungie ”

“ ဟီးးး ဟိုနားမှာတန်းစီနေတာတွေ့လား ”

“ မြင်သားပဲ "

“ အဲ့ကခေါက်ဆွဲဆိုင်လေ အရမ်းး အရမ်းကိုကောင်းတာသိလားး ”

တယောက်သောသူကိုတွေ့လိုတွေ့ငြားဆိုပြီး သူရောက်ထဲကအပြင်တွေချည်းလှိမ့်ထွက်နေတာ။
ဒီရောက်တော့မှJilinကအကျယ်ကြီးဖြစ်ပြီး သူ့အဖြစ်ကကောက်ရိုးပုံထဲအပ်ပျောက်ရှာသလိုဖြစ်နေတာ။
ထပ်ပေါင်းရရင် မျောက်လောင်းကိုပဲလိုက်ထိန်းပြီးမုန့်၀ယ်ကျွေးနေရတာလေ။

𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 )  ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )Where stories live. Discover now