( 16 )

395 56 14
                                    


ဒယ်ဒီ့ရဲ့ဆေးရုံကိုအမြန်လာခဲ့ပါဆိုတဲ့စကားကြောင့် သူအိမ်ကနေအမြန်ဆုံးထထွက်လာခဲ့တာ ဖိနပ်တွေတောင်တဖက်စီမှားလို့။
Jenoများတစ်ခုခု.. မဟုတ်ဘူး။ မဟုတ်လောက်ပါဘူး

ခွဲစိတ်ပြီးသုံးရက်လောက်သတိရမလာတဲ့Jenoကိုသူစိတ်ပူပါသည်။
ဘယ်လိုပဲဘာမှမတော်စပ်ခဲ့ဘူးဆိုဆို 6နှစ်လောက်အတူနေခဲ့တာမလား။

Jenoရဲ့အခန်းဆီရောက်တော့ အခန်း၀မှာခေါင်းငိုက်စိုက်ကျနေတဲ့ဒယ်ဒီ။
ပြီးတော့ အဲ့အမျိုးသမီးကော...

Jeno..ဟင့်အင်း။

“ Jeno ah! !!”

အခန်းထဲရောက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကသူ့ကိုမယုံနိုင်လောက်အောင်အံ့ဩသွားစေပါသည်။

ရှိရှိသမျှဂွမ်းတွေကိုဖွပြီးဆော့နေတဲ့Jenoက ကလေးတယောက်လို။
ကုတင်တစ်ခုလုံးမှာကော အောက်ကြမ်းပြင်မှာကော ပတ်တီးတွေကိုဖြန့်ချထားပြီး တချို့ကိုကတ်ကြေးနဲ့ကိုက်ဖြတ်နေသည်။
Nurseတွေကလည်းပြောလို့မရသည့်အဆုံးလွှတ်ထားရသည့်ပုံ။

သူ၀င်လာတာကိုမြင်တော့ခေါင်းလေးစောင်းပြီးတစုံတစ်ခုကိုစဉ်းစားနေဟန်။

“ ဒယ်ဒီ ”

အခြေအနေအားလုံးကိုသူနားမလည်စွာဒယ်ဒီ့ကိုလှမ်းခေါ်မိသည်။

“ ဒယ်ဒီ Jenoက ”

ထိုစဉ်ဆရာ၀န်ကြီးရောက်လာပြီးမိသားစု၀င်တွေကိုအထဲ၀င်လာခိုင်းသည်။

“ အခုလူနာကိုထပ်မေးကြည့်ပါမယ်  သားနာမည်ကိုမှတ်မိလား ”

“ ကျွန်တော်? ကျွန်တော်နာမည်သည်Lee Jenoဖြစ်ပါသည် ”

“ ဟုတ်ပြီ သားဘေးမှာရပ်နေတဲ့သူကကော ”

တခဏမျှစဉ်းစားဟန်ပြုနေပြီး ခေါင်းခါပြသည်

“ သား ဒယ်ဒီလေ ဒယ်ဒီ့ကိုတောင်မမှတ်မိဘူးလားကွာ ”

အဖျားခတ်တုန်ယင်နေတဲ့ဒယ်ဒီ့စကားကိုကြားတော့ ခေါင်းလေးစောင်းပြီးမျက်မှောင်ကြုတ်ပြန်သည်။

“ ဒယ်ဒီကဘယ်သူလဲဟင် ”

ဆရာ၀န်ကြီးကိုပြန်မေးနေတဲ့Jenoကဘယ်လောက်တောင်ထိခိုက်သွားတာမို့လဲ။

𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 )  ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )Where stories live. Discover now