လူတိုင်းကပျော်ရွှင်ဖို့အတွက်ထိုက်တန်တယ်ဆို?
ဒါဆို ကျွန်တော်ကကော။
ပြောစမှတ်တွင်စေတဲ့သူကိုသာ ဟားတိုက်ပြီးမေးကြည့်လိုက်ချင်သေးပန်းခွေတို့အစီအရီတင်ထားတဲ့အဖြူအမဲဓါတ်ပုံထဲ ဒယ်ဒီ့အပြုံးတွေကပီပြင်လွန်းတယ်
“ ကြွပါရှေ့နေကြီး ”
အသံကြားရာစောင့်ငဲ့ကြည့်မိတော့ သူ့ဆီတန်းတန်းမတ်မတ်လာနေတဲ့ လူကြီးတယောက်။
နှစ်ခါလောက်မြင်ဖူးထားတော့မိသားစုရှေ့နေကြီးမှန်းသူမှတ်မိပါသည်။ဒယ်ဒီ့ဓါတ်ပုံရှေ့ပန်းတပွင့်နှင့်အတူ အမွှေးတိုင်တချောင်းပါထွန်းပြီး၀မ်းနည်းစကားဆိုသည်။
“ အန်ကယ်လ့်ကိုမှတ်မိရဲ့လား ”
“ ရှေ့နေကြီးမလား ကျွန်တော်မှတ်မိပါတယ် ”
“ ရုတ်တရက်ကြီးဖြစ်သွားတာဆိုတော့အန်ကယ်လ်လည်းတအားအံ့ဩနေတာ ဘာပဲဖြစ်ဖြစ်ကျမ်းမာရေးဂရုစိုက်ပါကွယ် သားကိုကြည့်ရတာအားမရဘူး ”
“ ကျွန်မသူ့ကိုဂရုစိုက်လိုက်ပါ့မယ် လာပေးလို့ကျေးဇူးတင်ပါတယ်ရှေ့နေကြီး ကြွပါအရှေ့ကို ”
လောကွတ်ချော်နေတဲ့သူမပြောစကားကိုဘာမှတုံ့ပြန်မနေတော့ပဲဒယ်ဒီ့ဆီကိုသာအကြည့်တို့ပို့ထားမိသည်။
“ တခုခုစားရအောင် RenJun ”
“ ငါမစားချင်ဘူး ”
“ မင်းဘာမှမစားတာဒီနေ့နဲ့ဆိုဘယ်နှရက်ရှိနေပြီလဲ "
“ ငါ့ကိုဒီအတိုင်းလွှတ်ထားပေးပါ ”
ပြောမရတဲ့အဆုံးJenoအနားကနေထွက်သွားတော့
“ Jun... ”
သူ့ရှေ့လာရပ်နေတာကJaemin..
ငိုချင်နေတဲ့စိတ်ကJaeminကိုမြင်တော့မှပိုဆိုးသွားပြီး မျက်ရည်တို့ကတာကျိုးတော့သည်
“ * ဟင့် *~ Jaemin ...”
ကျွန်တော့်ကိုမြင်တာနဲ့ကလေးတယောက်လိုထငိုတော့သည့်Jun။
လာဂါ၀ရပြုသူတွေကများနေတာမို့လူတွေနဲ့အဝေးတနေရာသို့သာ သူခေါ်လာမိသည်။
မိဘမဆုံးရှုံးဖူးတာမို့ Junကိုနားလည်ပါတယ်လို့သူမပြောနိုင်။
ပုခုံးလေးတွေလှုပ်ခတ်နေသည်အထိငိုနေသည့်Junကိုပုဝါစလေးကမ်းပေးရင်း
YOU ARE READING
𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 ) ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )
Fanfictionတစ်ခါလောက်ပြိုင်ချစ်ကြည့်ကြမလားဟင်? ကြေးကတော့နှလုံးသားတခုလုံးလေ !