( 3 )

453 62 11
                                    

" အချစ်ဆိုတာမျိုးက ပန်းကလေးတစ်ပွင့်နဲ့တူတယ်
ဥပမာ ပန်းကလေးတပွင့်ကိုချစ်မိလို့ပဲထားပါတော့ ပန်းလေးကိုခူးပြီးတသက်လုံးသိမ်းထားမလား ဒါမှမဟုတ်ပန်းလေးသူ့နေရာမှာပဲအစွမ်းကုန်လှပနေတာကိုအဝေးကကြည့်ရင်းပြုံးနေမလား  ပန်းလေးကိုခူးပြီးတသက်လုံးသိမ်းထားမယ်ဆိုရင်တော့သင်ဟာ အချစ်ကိုရယူခြင်းလို့သတ်မှတ်ထားတာပါ ကျွန်တော်ကတော့ဒုတိယနည်းကိုပဲရွေးမိမယ်ထင်တယ် ပေးဆပ်ခြင်းကလဲအချစ်ပဲမို့လို့‌လေ။ "

" Na Jaeminတို့ကတော့နော် ရည်းစားလဲမရှိပဲဒီလိုအနုအယွတွေဘယ်ကတတ်လာလဲမသိဘူး ဟားဟား "

" ကျွန်တော့်ကိုပြောနေတဲ့Hyungကကော ရည်းစားရှိလို့လား "

ကျွန်တော့်အပြောကြောင့်ရယ်နေတဲ့Mark hyungချက်ချင်းရုပ်တည်သွားသည်။
နင်သွားတယ်ဆိုတာမျိုး။

" ငါ ငါကမထားတာပါကွာ စိတ်ရှုပ်လို့လေ "

သူရယ်ချင်စိတ်ကိုမနည်းထိန်းပြီး ခေါင်းတညိမ့်ညိမ့်လုပ်နေလိုက်သည်။

" ဒါဆိုHyung ကျွန်တော့်ဆီလာသလိုနဲ့ Haechanကိုခိုးခိုးကြည့်နေတာကျတော့ရော  "

" ငါက? အဟား ရယ်လိုက်ရတာ ရုပ်တောင်ပိုချောသွားတယ် သူ့ကိုဘယ်တုန်းကသွားခိုးကြည့်လို့လဲ '"

" မဟုတ်ရင်လဲထားပါ အတင်းအကန်ငြင်းနေစရာမလိုပါဘူး Hyungရဲ့ "

" မင်းပြောလို့ပြီးပြီလား ဒီကိုလာစမ်း "

" Mark Leeအရှိုက်ထိ! "

Mark hyungကစာအုပ်ကိုင်ပြီးထလာသည်မို့သူလဲထိုင်နေရာမှ အမြန်ထကာအခန်းထဲကထွက်ပြေးလာခဲ့သည်။
1နှစ်နဲ့11ရက်တိတိကွာသည့်အစ်ကို၀မ်းကွဲကလက်သံတော့ပြောင်သည်။
မိရင်တော့မလွယ်။

" ပါပါး!! "

" ဟာ "

Mark hyungကိုပုန်းရင်းလှေကားကအဆင်း တဖက်မှရေးကြီးသုတ်ပြာနှင့်တက်လာသည့် ကောင်လေးတယောက်နှင့်၀င်တိုက်မိသည်။
အရှိန်နှင့်၀င်တိုက်မိတာမို့ ကောင်လေးယူလာတဲ့ကော်ဖီခွက်ကမှောက်၍နှစ်ယောက်လုံးပေါ်စင်ကုန်သည်။
နှစ်ဖက်လုံးကမှားတာမို့ သူတောင်းပန်မလို့ပြင်နေတုန်း

𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 )  ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )Where stories live. Discover now