( 7 )

414 60 13
                                    

သူဒီနေ့ဂေဟာကိုအစောကြီးလာဖြစ်သည်
တနင်္ဂနွေနေ့ဆိုတာRenjunနဲ့သူအပြင်မှာဆုံရတဲ့တစ်နေ့တည်းသောရက်လေးမို့။

မကြာပါ
စပို့ရှပ်အဖြူ ကာကီရောင်ဘောင်းဘီတိုလေးနှင့်ရောက်လာသည့်Renjunက 18နှစ်ဆိုတာကျိန်ပြောရင်တောင် ယုံမယ့်သူမရှိ။

" ရောက်လာပြီလား Jun "

" အော် Jaemin အစောကြီးရောက်နေတာပဲ "

" ဟုတ်တယ်Junရဲ့ "

ဟိုနေ့ကကိစ္စကြောင့်Junကသူ့က်ိုအားနာနေပုံရသည်

အပြုံးလေးတွေကအရင်လိုလန်းဆန်းမနေဘူးလေ။

" ဟို Jaemin ဟိုနေ့ကအတွက်ကျွန်တော်..."

" တောင်းပန်တယ်လို့ပြောမလို့လား Jun "

"........."

" Junရဲ့အမှားမှမဟုတ်တာ Junကဘာလို့တောင်းပန်ရမှာလဲ "

" ဒါပေမဲ့ "

" Jenoကြောင့်ဆိုပြီးလဲတောင်းပန်နေစရာမလိုဘူးနော်Jun ကျွန်တော်အဲ့နေ့ကကိစ္စကိုစိတ်ထဲမထားပါဘူး "

သူ့စကားကြောင့်Renjunကပြုံးပြလာသည်

တကယ်‌ပြောတာ။
မင်းကပြုံးနေတဲ့အချိန် အလှဆုံးပဲ။

" ကျွန်တော်တကယ်ကံကောင်းတာပဲ "

" ဘာလို့လဲ Jun "

" Jaeminလိုသူငယ်ချင်းမျိုးရှိလို့လေ "

သူငယ်ချင်း။
မျက်လုံးလေးတွေမှိတ်တဲ့အထိပြုံးပြနေတဲ့Junက ကလေးလေးအတိုင်းပဲ။
အဲ့ဒီ့အပြုံးလေးတွေကိုကာကွယ်ဖို့အတွက်ကိုယ်ဘာမဆိုလုပ်မိတော့မယ်ထင်ပါရဲ့Jun။

" ဒါနဲ့အမြဲတမ်းJunတယောက်ထဲလာတယ်နော် Jenoကမလိုက်လာဘူးလား "

" Jenoက ကလေးစိတ်Jaeminရဲ့ ပြီးတော့စိတ်လဲမရှည်တတ်ဘူး လိုက်လာရင်ကလေးတွေနဲ့ပြန်ရန်ဖြစ်နေမှာမြင်ယောင်နေသေးတယ် "

ကလေးစိတ်မဟုတ်ပဲသူများဘ၀ကိုပါလိုက်ခြယ်လှယ်နေချင်တဲ့လူပါ

အသံတိတ်စကားတစ်ခွန်းကိုတော့Renjunကြားလောက်မည်မထင်ပါ

" ဒါပေမဲ့Jenoကလူကောင်းပါ အပြင်ပိုင်းကအေးစက်တယ်ထင်ရပေမဲ့ တကယ်တော့နွေးထွေးပါတယ် "

𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 )  ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )Where stories live. Discover now