Jilinကိုခြေချလိုက်တာနဲ့ပါပါးကိုလွမ်းဆွတ်မှုတွေကပို၍ထုထည်ကြီးမားလာသည်
သူငယ်ငယ်တုန်းကမှတ်မိနေခဲ့တဲ့ပုံရိပ်တွေကိုပြန်စဉ်းစားမိတော့ အတော်လေးပြောင်းလဲသွားတဲ့မြို့လေး။
တဖြည်းဖြည်းနဲ့သူနေထိုင်ခဲ့တဲ့ရွာလေးကိုရောက်လာတော့လတ်ဆတ်တဲ့လေကို ရှုရှိုက်မိသည်" ပါပါးရဲ့နှစ်ပတ်လည်အမှီပြန်လာတာလားRenလေး "
ဦးဉီးKunစကားကြောင့်သူပြုံး၍ခေါင်းညိမ့်ပြလိုက်ပြီး
" ဟုတ်တယ် ဦးဦးKunရဲ့ "
" ဘေးကသားလေးကJenoလား "
" ဗျာ ဟုတ်ကဲ့ ကျွန်တော့်နာမည်Jenoပါ "
ထိပ်ထိပ်ပြာပြာထဖြေတဲ့Jenoကိုကြည့်ပြီးသူရယ်ချင်ပေမဲ့လဲမရယ်ရက်။
နေပါဦး တစ်မိုးအောက်Lee Jenoကလူကြောက်တတ်သေးတာလား?
ဦးဦးKunကလေဆိပ်မှာတုန်းကမမေးပဲအခုမှရုတ်တရက်ထမေးတာကြောင့်ဖြစ်မည်
အချိန်တစ်ခုအထိကြာပြီးနောက်တွင်သူနဲ့ပါပါးနေထိုင်ခဲ့ရာအိမ်လေးသို့ရောက်လာသည်
အိမ်လေးကအရင်အတိုင်းဘာမှမပြောင်းလဲ။
ပါပါးနဲ့သူစိုက်ခဲ့တဲ့အပင်လေးတွေအရွယ်ရောက်လာတာကလွဲလို့ပေါ့။" သားတို့နားကြဦးနော် ဦးဉီးစိုက်ခင်းဘက်သွားလိုက်ဦးမယ် "
" ဟုတ်ကဲ့ဦးဦး "
ဦးဦးKunကကားပေါ်ကအထုတ်တွေနေရာချထားပေးပြီးစိုက်ခင်းဘက်ထွက်သွားသည်
ခရီးပန်းတာလားဘာလားမသိ
အိပ်ယာတွေ့တာနဲ့လူကအိပ်ချင်လာပြီး ခေါင်းအုံးနဲ့ခေါင်းထိလိုက်တာနဲ့အိပ်ပျော်သွားတော့သည်_
လတ်ဆတ်တဲ့လေကိုတ၀ကြီးရှုရှိုက်ပြီးခြံထဲကိုအကဲခတ်မိတော့ လမ်းရဲ့တဖက်တချက်မှာမျိုးတူရောင်ကွဲပန်းပင်လေးတွေကိုတန်းစီစိုက်ထားပြီး အပေါ်တွင်ချိတ်ဆွဲထားသော သစ်ခွရောင်စုံတန်းကြီးလဲရှိသည်
တိတ်ဆိတ်ငြိမ်သက်တဲ့ပတ်၀န်းကျင်တွင်လေပြေတချက်တိုက်ခတ်လိုက်တိုင်း ပန်းရနံ့တို့ကိုပါတပါထဲသယ်ဆောင်လာသည်
YOU ARE READING
𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 ) ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )
Fanfictionတစ်ခါလောက်ပြိုင်ချစ်ကြည့်ကြမလားဟင်? ကြေးကတော့နှလုံးသားတခုလုံးလေ !