Koreaကိုပြန်ပြီးခြေချလိုက်တာနဲ့ သူမေ့ထားချင်ခဲ့တဲ့အကြောင်းအရာတွေကခေါင်းထဲအလုအယက်တိုး၀င်လာကြသည် ။ဟိုကနေပြန်လာထဲကစပြီး လက်ကိုမလွှတ်တမ်းဆုပ်ကိုင်ထားတဲ့Jenoက သူ့ကိုမျက်စိအောက်ကနေတချက်လေးမှအပျောက်မခံ ။
ထပ်ပြီး ကိုယ်ယောင်ဖျောက်သွားမှာစိုးလို့တဲ့ ။
တချက်တချက်တွေ့ရတတ်တဲ့Jenoရဲ့နူးညံ့တဲ့အပြုအမူတွေက ဟန်ဆောင်နေတာလား စိတ်ရင်းအမှန်လား သူလည်းမသိနိုင် ။
မတွေ့ရတဲ့လေးနှစ်တာအတွင်းအရပ်ကလည်း အတော်ရှည်လာတာမို့ သူမော့ကြည့်နေမိတော့
“ ဘာတွေကြည့်နေပြန်တာလဲ ”
“ မကြည့်ပါဘူး ! ”
“ အိမ်ပြန်ရောက်တာနဲ့ ရေချိုးပြီး အ၀တ်အစားလဲထား ! မင်းကိုတွေ့ပေးစရာလူတွေရှိတယ်! ”
“ ဘယ်သူလဲ ”
“ အဲ့တာကမင်းသိထားစရာမလိုဘူး ”
သူတစ်ခုခုပြောမလို့ပြင်လိုက်ပေမဲ့ သူ့ကိုစိုက်ကြည့်နေတဲ့မျက်လုံးတွေကြောင့် လေထဲမှာတင်ရပ်တန့်သွားရပြီး အမြန်မျက်နှာပြန်လွှဲလိုက်ရသည် ။
သူတို့အိမ်ရောက်တော့ဒေါ်ကြီးYanက အံ့ဩခြင်းတွေနဲ့ ဖက်ပြီးငိုပါတော့သည်
“ လူဆိုးလေး! ဘယ်လောက်တောင်သတိရနေခဲ့ရတာလဲ ဟင်? ဘာလို့ဒီလိုမျိုးလုပ်ရသလဲကလေးရယ် ”
“ ကျွန်တော်... ”
“ သူပင်ပန်းနေတယ် ဒေါ်ကြီး ! ခဏလောက်နားခိုင်းလိုက်ပါဦး ညနေစောင်းလောက်ကျခေါ်သွားစရာလည်းရှိသေးလို့ ”
“ အေးပါကွယ် သားRenလေး လာ ”
ဒေါ်ကြီး RenJunကိုအပေါ်ခေါ်သွားပြီးပြန်ဆင်းလာတဲ့အထိ သူထိုင်စောင့်နေခဲ့သည် ။
မှာစရာရှိတာမှာရမယ် ။ သူသိပ်ကြောက်တဲ့အရာက RenJunသူ့အနားနေထပ်ထွက်သွားမှာ ဆိုတာကိုသာသိရင် အဲဒီ့မုန်းနေတဲ့ကောင်လေးကပျော်ပျော်ကြီးဒဏ်ခတ်ပစ်ဦးမလားပဲ ။
သူ့အားနည်းချက်ကHuang RenJunဆိုတာကိုသာသိရင် သေချာပေါက်ပုန်းနေဦးမှာပဲ ။
YOU ARE READING
𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 ) ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )
Fanfictionတစ်ခါလောက်ပြိုင်ချစ်ကြည့်ကြမလားဟင်? ကြေးကတော့နှလုံးသားတခုလုံးလေ !