( Warning! ပါနော် သဘောမကျရင်ကျော်သွားပါ။ ထပ်ပြောပါမယ် မကြိုက်တတ်ရင်မဖတ်ပါနဲ့။ )
ဝေါ ~ ဝေါ ~
လမ်းမှာရှိသမျှသစ်ပင်တွေ အိမ်တွေကနောက်မှာတရိပ်ရိပ်နဲ့ကျန်နေခဲ့သည်
ကားအမြန်မောင်းရင်RenJunကြောက်တတ်မှန်းသိပေမဲ့ ဒေါသထွက်နေတာကြောင့်အရှိန်မလျှော့မိ။*ဒုန်း!
ကားပေါ်ကဆင်းတော့တံခါးဆောင့်ပိတ်လိုက်သံကြောင့် ပုခုံးတို့တွန့်သွားတာမြင်လိုက်ပေမဲ့ဥပေက္ခာပြု၍အိမ်ထဲသာတန်း၀င်လာခဲ့သည်။
မာမီတို့မရှိတော့အိမ်ကြီးထဲသူတို့နှစ်ယောက်သာ။
ဧည့်ခန်းရှိဆိုဖာပေါ်ထိုင်နေတဲ့သူ့ကိုကျော်ကာအပေါ်တန်းတက်သွားတဲ့RenJunကိုမျက်စိတဆုံးလိုက်ကြည့်နေမိသည်။
ညဘက်ကြီးသူစိမ်းယောင်္ကျားလေးတယောက်နဲ့ ဆိုင်မှာရည်းစားတွေလိုသွားတွေ့ထားရင်အနည်းဆုံးတော့ စကားတခွန်းလောက်နဲ့ပဲဖြစ်ဖြစ် ရှင်းပြသင့်တယ်မဟုတ်လား?
သူကသူစိမ်းတယောက်လောက်တောင်အရေးမပါတာလား?တွေးရင်းစိတ်ကပေါက်လာတာမို့အနောက်ကလိုက်သွားမိတော့ အ၀တ်လဲမလို့ပြင်နေတာထင် သူ့ကိုမြင်တော့မျက်လုံးဝိုင်းတွေနှင့်လိုက်ကြည့်နေသည်
“ ပြောစရာရှိလို့လား? ”
“ ပြောစရာလား? သိပ်ရှိတာပေါ့အချစ်ရဲ့ ”
ချွတ်ထားတဲ့အင်္ကျီကိုအသည်းအသန်ပြန်၀တ်မလို့ပြင်နေတုန်း ဆွဲယူကာ လွှတ်ပစ်လိုက်တော့
“ ဘာ ဘာလုပ်တာလဲJeno ”
“ ဘာလုပ်ရမှာလဲ ကိုယ့်ယောင်္ကျားကိုယ် ”
“ ပြောစရာရှိရင် မနက်မှပြော ငါပင်ပန်းလို့အိပ်တော့မလို့ "
“ ခုနသွားတွေ့တုန်းကတော့ ပင်ပန်းရကောင်းမှန်းမသိဘူးပေါ့ ”
“ ဘာ!!"
“ ထပ်ကြားချင်တာလား အချစ်က "
အရွဲ့တိုက်စကားကိုအနားတိုး၍နားရွက်လေးကိုငုံပြီးပြောမိတော့
“ မင်းငါ့နားကဖယ်! အရာရာကိုမင်းစိတ်နဲ့လိုက်နှိုင်းမနေနဲ့ Lee Jeno!!”
YOU ARE READING
𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 ) ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )
Fanfictionတစ်ခါလောက်ပြိုင်ချစ်ကြည့်ကြမလားဟင်? ကြေးကတော့နှလုံးသားတခုလုံးလေ !