( 9 )

400 55 8
                                    

" ကျွန်တော် ဒယ်ဒီ့ကိုပြောစရာရှိလို့ "

" ဘာများလဲသားရဲ့ "

" ကျောင်းတွေပိတ်ရင်ကျွန်တော်ခရီးသွားချင်လို့ "

" ဘယ်သူတွေနဲ့လဲသားရဲ့ ဘယ်ကိုသွားမှာလဲ  "

" ပြည်ပတစ်နေရာဒယ်ဒီရဲ့ ကျောင်းကသူငယ်ချင်းတွေနဲ့သွားမှာ ပြီးတော့Renjunရောပဲ "

" ဟေ သားRenလေးပါလိုက်မှာလား "

ဒယ်ဒီ့အမေးကိုအူကြောင်ကြောင်ပြန်ကြည့်နေတဲ့Renjunကတကယ် ကိုင်ပေါက်ချင်စရာ
ဒီလောက်လေးတောင်နားမလည်ဘူးလား
မာမီပြန်မလာခင်အမြန်ပြောရပါမယ်ဆို

" ဟို သားကိုကို့ကို မပြောရသေးဘူးဒယ်ဒီရဲ့ "

" နေပါဦးသားရဲ့ Koreaမှာလဲလည်စရာနေရာတွေမှအများကြီးကို သားကဘာလို့ပြည်ပသွားချင်ရတာလဲ ပြောပါဦး ဘယ်နိုင်ငံကိုသွားမှာလဲ  "

" တရုတ်ကို ဒယ်ဒီ "

" တရုတ်ကို? "

ဒီတော့မှနားလည်သွားပုံရတဲ့Renjunကအတော်လေးအမြင်ကပ်ဖို့ကောင်းသည်

" တရုတ်ဆို ကျွန်တော်လဲသွားချင်တယ်ဒယ်ဒီ မရောက်ဖြစ်တာအတော်လေးကြာနေပြီမလား "

သူ့စကားကြောင့်ဒယ်ဒီကနည်းနည်းတော့စဉ်းစားသွားပုံရသည်

ခွင့်ပြုလောက်မှာပါနော်။

" ကောင်းပြီ သားRenလေးလဲမွေးရပ်မြေကိုမရောက်ဖြစ်တာကြာနေပြီ သားnonoကလဲသွားချင်တယ်ဆိုတော့ ဒါပေမဲ့လူကြီးမပါဘူးမလား ကျောင်းကသူငယ်ချင်းတွေပဲဆိုတော့ "

" ရပါတယ်ဒယ်ဒီရဲ့ အတူသွားမဲ့သူငယ်ချင်းတွေထဲမှာတရုတ်ကသူတွေပါတယ် "

" အဲ့တာဆိုလဲပြီးရောပဲလေ မင်းတို့မာမီကိုဒယ်ဒီပဲပြောလိုက်မယ် "

" ဟုတ်ကဲ့ "

ဒယ်ဒီ့ခွင့်ပြုချက်ရသည်နှင့်မျက်နှာကမှိုရသည့်အတိုင်းပြုံးရွှင်နေသည့်Renjunကိုကြည့်ပြီး သူလဲလိုက်ပြုံးမိသည်
အကြောင်းပြချက်ကိုတော့ မရှာဖွေချင်ပါ

" ကျေးဇူးပါJeno မကူညီတော့ဘူးထင်နေတာ "

" ငါမကူညီလဲ မင်း Jaeminဆီသွားမှာပဲမလား "

𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 )  ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )Where stories live. Discover now