“ ဂုဏ်ယူပါတယ်Mr.Lee ကြားထားတဲ့အတိုင်းခင်ဗျားကတကယ်ထက်မြက်တာပဲဗျ ရှေ့လျှောက်ခင်ဗျားနဲ့အလုပ်တွဲလုပ်ရမှာတွေးပြီး ရင်ခုန်နေပြီ "“ ထပ်တူပါပဲ "
ခပ်ပြတ်ပြတ်ပြောစကားနှင့်အတူကမ်းပေးလာသည့်လက်ကိုဆွဲ၍နှုတ်ဆတ်လိုက်သည်။
ဧည့်သည်ပြန်သွားတော့
“ အိမ်ကိုတန်းပြန်မှာလား ဆရာ ”
“ အချိန်ဇယားတွေမကြည့်ထားဘူးလား ”
“ ဟို... ”
ခန့်ထားတာမကြာသေးတဲ့အတွင်းရေးမှုးအသစ်မို့ သူဒီထက်ပိုမပြောတော့ဘူးလို့တွေးလိုက်ပေမဲ့ မျက်လုံးတွေကသူ့စားပွဲပေါ်မှာရှိတဲ့ပန်းအိုးဆီရောက်သွားချိန်မှာတော့...
“ အဲဒီ့နှင်းဆီဖြူတွေက? ”
“ အာ အဲ့တာက..နေ့တိုင်းအဝါရောင်တွေပဲထိုးနေတော့ အပြောင်းအလဲလေးဖြစ်အောင်..”
“ အကုန်လွှင့်ပစ်လိုက်!”
“ ရှင်..!”
“ ငါ့စားပွဲပေါ်မှာပန်းအဝါတွေကလွဲရင် တခြားဘာပန်းကိုမှမမြင်ချင်ဘူး အကုန်လွှင့်ပစ်!!"
“ ဟုတ်..ဟုတ်ကဲ့ ”
သူဒေါသထွက်နေတာကြောင့်ပျာယာခတ်နေတဲ့အတွင်းရေးမှုးကိုထားခဲ့လိုက်ပြီး ကိုယ်တိုင်သာကားမောင်းပြီးအိမ်ပြန်လာခဲ့သည်။
“ သားnono ပြန်လာပြီလား ”
“ ဟုတ်ကဲ့ ဒေါ်ကြီး ကျွန်တော်၀ယ်ခိုင်းထားတဲ့ပစ္စည်းတွေကော ”
“ ဒီမှာ သားရဲ့ ”
“ အခုဒေါ်ကြီးနားလို့ရပါပြီ ”
“ သားတယောက်ထဲ ရရဲ့လား ဒေါ်ကြီးဝိုင်းကူ... ”
“ ရပါတယ် ကျွန်တော်တယောက်ထဲလုပ်ချင်လို့ပါ ”
ကိတ်လုပ်ပြီးသွားတော့အချိန်ကည7:00တောင်ရှိနေပြီ။
အားလုံးကိုလက်စသတ်ပြီးတာနဲ့ သူ၀ယ်လာတဲ့နှင်းဆီဝါဝါတွေနှင့်အတူ ကိတ်ကိုကိုင်ပြီးအပေါ်တက်လာခဲ့သည်။အမှောင်ချထားတဲ့အခန်းငယ်လေးထဲသူတယောက်သာ။
သို့သော် သူသိပ်မြတ်နိုးခဲ့သည့်တယောက်သောသူရဲ့အငွေ့အသက်တွေ အပြုံးတွေကထင်ဟပ်နေတုန်း။
ကိတ်ပေါ်မှာစိုက်ထားတဲ့ဖယောင်းတိုင်လေးတွေကို တတိုင်းချင်းဆီ မီးညှိလိုက်ပြီး တေးသံတစ်ခုကိုစတင်ညည်းဆိုလိုက်သည်။
YOU ARE READING
𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 ) ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )
Fanfictionတစ်ခါလောက်ပြိုင်ချစ်ကြည့်ကြမလားဟင်? ကြေးကတော့နှလုံးသားတခုလုံးလေ !