( 2 )

460 67 23
                                    

အချိန်တွေတရွေ့ရွေ့တိုက်စားပြီး
6နှစ်ခန့်ကြာသော်...

ဒုန်း!!! ဒုန်း!!!

" အခုချိန်ထိမထသေးတာလားHuang Renjun!! ထစမ်း!! "

တံခါးကိုအဆက်မပြတ်ထုနေသံကြောင့်ကျွန်တော်လန့်နိုးလာခဲ့သည်။
နာရီကြည့်တော့မနက်6:00။

ကုတင်‌ပေါ်မှကမန်းကတန်းဆင်းပြီးတံခါးကိုပြေးဖွင့်တော့ တံခါးရှေ့မှာရပ်နေသူက သခင်မကြီး။

" ဘယ်အချိန်ရှိနေပြီလဲRenjun သားnonoကျောင်းသွားတော့မယ် မင်းဘာမှမလုပ်ရသေးဘူးလား "

" ဟို.. "

" နေ့တိုင်းလုပ်နေရတဲ့အလုပ်ကိုမေ့နေတာလားRenjun အခုသားnonoစီးဖို့ဖိနပ်ကိုသွားတိုက်ပေးထား အစ်ကိုYong လမ်းလျှောက်ကပြန်မလာခင်အပြီးလုပ်နော် မူယာမာယာများပြီးသွားတိုင်လို့ကတော့ ငါ့အကြောင်းကောင်းကောင်းသိမယ် "

" ဟုတ် ဟုတ်ကဲ့ သခင်မကြီး "

" နေဦး မနေ့ကငါ့ယောက်ကျားရှေ့မှာငါ့ကိုသခင်မကြီးလို့ခေါ်တာ တမင်ခေါ်တာမလား ဟမ် "

ပြောရင်းဗိုက်‌ခေါက်ကိုလိမ်ဆွဲနေသည်မို့နှုတ်ခမ်းကိုသာပြတ်ထွက်လုမတတ်ကိုက်ခဲထားမိသည်။

" မဟုတ် မဟုတ်ရပါဘူးသခင်မကြီး ကျွန်တော်မရည်ရွယ်ပါဘူး "

" စောစောစီးစီးမျက်ရည်ကျပြမနေနဲ့ ကျက်သရေကိုမရှိဘူး သွား ခိုင်းတဲ့အလုပ်ကိုသွားလုပ်တော့ "

" ဟုတ်ကဲ့ "

" အဲ့ဒီ့မျက်ရည်တွေကိုတစက်မှမကျန်အောင်သုတ်သွား မျက်ရည်လေးစမ်းစမ်းနဲ့ငါ့ယောက်ကျားကိုစိတ်ဆင်းရဲရအောင်မလုပ်နဲ့ "

ကျလာတဲ့မျက်ရည်တွေကိုလက်ခုံနဲ့ အကြမ်းပတမ်းသုတ်ပစ်ပြီး လှေကားမှပြေးဆင်းလာခဲ့သည်။
ပါပါးကိုအရမ်းသတိရတာပဲ။
ကျွန်တော့်ကိုလာခေါ်ပါတော့ပါပါး။
ကျွန်တော်ကြောက်တယ်။

" ဆူညံနေတာပဲမာမီရာ "

" သားငယ်‌လေး နိုးလာပြီလား စောစောစီးစီးအရေးမပါအရာမရောက်တဲ့ဟာတွေကြောင့် ငါ့သားလေးအိပ်ရေးပျက်ရပြီ "

𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 )  ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )Where stories live. Discover now