♡ ( 1 )

423 38 4
                                    


Ring ~ Ring

* ဟယ်လို *

ဖုန်းထဲကပြန်ဖြေသံဟာ ခုနကလိုရယ်သံတွေရှိမနေတော့ ။

" အခုချက်ချင်း Coffeeတခွက်၀ယ်လာပြီး ငါ့ကိုလာပို့ အခုချက်ချင်း!! "

* ကျွန်တော်မှJenoရဲ့‌အဆောင်ကိုမသိတာ *

* လမ်းမှာ Lee Jenoလို့မေးလိုက်! မင်းကိုအရောက်တောင်လိုက်ပို့ကြဦးမယ် "

ပြောပြီးဖုန်းကိုတိခနဲချပစ်လိုက်သည် ။

မင်းပြုံးနေတာမမြင်ချင်ဘူး ! အထူးသဖြင့်ငါမဟုတ်တဲ့တခြားသူတွေရှေ့မှာ... ။

" ကျွန်တော်ရောက်ပြီ Jeno "

အသံလာရာကိုကြည့်လိုက်တော့ နောက်ကမိန်းကလေးကRenJunကိုရယ်ပြနေပြီး ဟိုကလည်းပြန်တောင်ရယ်ပြလိုက်သေးတာ ။

" ထားခဲ့ နေဉီး! "

အကြံတစ်ခုရသွားပြီးစာရွက်အလွတ်တရွက်ယူကာဆော့ပင်နှင့်စာတကြောင်းချရေးလိုက်တာက...

' He is Mine "

ကျောပြင်မှာသွားကပ်လိုက်တော့

" ဘာ ဘာကြီးလဲJeno "

" မင်းသိစရာမလိုဘူး ဒီအတိုင်းမင်းရဲ့အခန်းကိုငါ့ကိုလိုက်ပြ "

" Jeno ကျွန်တော်ဒီနေ့မှကျောင်းစရောက်တာ ကျွန်တော့်ကိုအရှက်ခွဲမလို့လား ဘာရေးထားတာလဲလို့ "

" မင်းငါခိုင်းတာမလုပ်ရင် မာမီနဲ့တိုင်မှာနော် "

" ......."

ဘာတွေတွေးနေမှန်းမသိရတဲ့RenJunရဲ့မျက်လုံးလေးတွေက မျက်ရည်တချို့ဝဲတက်လာတာမြင်ရပေမယ့် သူကတော့ဖြုတ်ပေးဖို့ဆန္ဒမရှိပါဘူး။

" အခုအခန်းထဲရောက်ပြီမို့လို့ စာရွက်ကြီးပြန်ဖြုတ်ပေးပါ "

" သိစရာမလိုဘူးလို့ပြောပြီးပြီလေ "

" အနည်းဆုံးတော့ကျွန်တော်ဘယ်အတိုင်းအတာထိအရှက်ကွဲသွားလဲဆိုတာ ခန့်မှန်းလို့ရတာပေါ့Jeno "

" မလိုဘူး မင်းကဒီအတိုင်းငါခိုင်းတာလုပ်ရုံပဲ ကျန်တာဘာမှသိချင်မနေနဲ့ "

ခေါင်းအုပ်အုပ်လေးကိုဖွပြီး ပြန်ထွက်လာခဲ့တော့လက်သီးလေးဆုပ်ပြီးကျန်ခဲ့သည် ။

𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 )  ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )Where stories live. Discover now