<<<
သုံးလ။
ချစ်သောကသူ့ကိုထားခဲ့ပြီးမွေးရပ်မြေပြန်သွားသည်တဲ့။
ဒါတောင်ဆိုင်ရှင်ဦးလေးကြီးကိုတောင်းတောင်းပန်ပန်နဲ့မေးတော့မှသိရတာ
လိမ်ညာဖို့မရည်ရွယ်ပေမဲ့ မာနသိပ်ကြီးတဲ့သူ့ချစ်သူက သူ့ဘ၀အမှန်ကိုသိခဲ့ရင်အနားတောင်အကပ်ခံခဲ့မှာမဟုတ်။ချစ်သောကိုမတွေ့ရတဲ့သုံးလအတွင်းမှာသူတကယ်လေလွင့်နေခဲ့တာ
ဒယ်ဒီတို့စီစဉ်တဲ့ကိစ္စတွေလဲ စိတ်၀င်စားမနေခဲ့။“ ဟင် "
မဖြစ်နိုင်ပေမဲ့တွေ့ရလိုတွေ့ရငြားဆိုင်လေးရှေ့မယောင်မလည် လျှောက်ကြည့်မိတဲ့အချိန်။
“ Young! ”
ဆတ်ခနဲလှည့်ကြည့်သည့်ချစ်သောကအမှိုက်ပစ်ဖို့ထွက်လာသည်ထင်၊ သူ့ကိုမြင်တော့မျက်နှာလေးကတည်သွားသည်။
“ ဘာလာလုပ်ပြန်..!"
*အင့်
တင်းတင်းကျပ်ကျပ်ဆွဲဖက်ပစ်လိုက်သည့် လက်တွေကိုအစကရုန်းနေသေးသည့်ချစ်သူက ခဏနေတော့မှငြိမ်သက်သွားသည်
“ ကိုယ့်ကိုထားခဲ့ပြီထင်ခဲ့တာ ..”
“ ....”
“ ကိုယ်တောင်းပန်ပါတယ် အားလုံးကိုရင်ဆိုင်ပြီးမင်းလက်ကိုပဲတွဲထားမှာမို့လို့ ကိုယ့်ကိုမထားခဲ့ပါနဲ့..”
“ လွှတ်ဦး နေ့ခင်းကြောင်.. ဟာ ! ခင်ဗျားငိုနေတာလား "
“အရမ်းလွမ်းနေခဲ့တာ ”
ယောင်္ကျားလေးတယောက်ကဘ၀မှာနှစ်ခါငိုဖူးတယ်တဲ့။
မိဘကြောင့်ရယ်၊ချစ်ရသူကြောင့်ရယ်။
ချစ်သူရှေ့ငိုရတာကိုလည်းရှက်မနေတော့ပါဘူး လွမ်းလွန်းလို့ရူးပြီတောင်ထင်ခဲ့တဲ့သူ့အတွက်က ဘာမှအထူးအဆန်းမဟုတ်တော့ဘူးလေ။“ ဟာ! လမ်းမကြီးမှာငိုမနေနဲ့လေ လာခဲ့ဆိုင်ထဲကို!”
အမှိုက်ထုတ်တွေကိုတံခါးဘေးပြန်ချထားခဲ့ပြီး သူ့ကိုဆွဲခေါ်သွားတဲ့လက်ကလေးတွေနောက်သာ လိုက်ပါလာခဲ့သည်
“ မူကြိုကလေးလားဟမ်! လမ်းလယ်ခေါင်ကြီးငိုနေရအောင် ”
“ ကိုယ့်ကိုထားခဲ့ပြီထင်ခဲ့တာ ”
YOU ARE READING
𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 ) ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )
Fanfictionတစ်ခါလောက်ပြိုင်ချစ်ကြည့်ကြမလားဟင်? ကြေးကတော့နှလုံးသားတခုလုံးလေ !