( 17 )

380 61 10
                                    

“ Jeno ah ဘယ်သွားမလို့လဲ! ”

နောက်ကနေလှမ်းအော်တဲ့ကျွန်တော့်ကိုတချက်သာကြည့်ပြီးရှေ့ဆက်သွားနေတဲ့Jeno။
မဖြစ်ဘူး..။ ဆက်သွားရင်သူပြုတ်ကျတော့မှာ..။

“ Jeno ပြန်လာခဲ့နော် ရှေ့မှာကချောက်ကမ်းပါးကြီးလေ ”

သူ့နောက်ကိုပြေးလိုက်နေပေမဲ့ခြေလှမ်းတွေဟာရှေ့ရောက်မနေခဲ့ဘူး။
တစ်စုံတစ်ခုကြောင့်လေးပင်နေသလို။

တလှမ်း..

နှစ်လှမ်း...

သုံးလှမ်း ..

“ Jeno ah!!!!”

ကျွန်တော်အသံကုန်အော်ပစ်လိုက်တော့ ခြေလှမ်းတွေကိုရပ်တန့်ပြီးပြန်လှည့်ကြည့်လာသည်။

“ ငါ့ကိုစိတ်ပူလား ”

“ Jeno ah! ဒီကိုပြန်လာခဲ့နော် ”

“ ငါ့ကိုစိတ်ပူလားလို့ ..”

“ အေး.. ပူတယ်! ပူတယ်! မင်းကိုစိတ်ပူလွန်းလို့ သေတော့မယ် ရပြီလား !! ”

“ လိမ်နေတာ..."

“ ဘာ! "

ကျွန်တော့်ကိုကြည့်နေရင်းနဲ့ပဲခြေလှမ်းတွေကိုနောက်ဆုတ်သွားတဲ့Jenoက နောက်ဆုံး ချောက်ကမ်းပါးထဲလွင့်စင်ကျသွားတော့သည်။

“ Jeno ah!!!!!!! မလုပ်ပါနဲ့ ”

“ RenJunie ”

“ ပြန်လာခဲ့ပါ "

“ RenJunie RenJunie ထပါဦး "

“ ဟင်..! ”

မျက်လုံးတွေကိုဖွင့်ကြည့်မိတော့ပထမဆုံးမြင်ရတဲ့မျက်နှာ။
သေချာပေါက်Jenoပါပဲ။

“ ကျွန်တော့်ရဲ့RenJunie ဘာဖြစ်.."

အိမ်မက်ဆိုးမှန်းသိလိုက်ရတဲ့အချိန် ဘာလို့၀မ်းသာမိမှန်းကျွန်တော်မသိဘူး။
တတွတ်တွတ်မေးနေတဲ့လူရဲ့ရင်ခွင်ထဲ၀င်ပြီးသာငိုမိတော့တာ။
ကျွန်တော်ငိုနေတော့ ဘာမှထပ်မမေးတော့ပဲကျောပြင်လေးကိုပုတ်ပေးလာသည် ။

ခဏနေတော့မျက်နှာချင်းဆိုင်ပြီးမျက်ရည်တွေသုတ်ပေးနေပြန်သည်။

“ ကျွန်တော့်ရဲ့RenJunie ဘာလို့ငိုတာလဲဟင် "

“ ဟို.."

𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 )  ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )Where stories live. Discover now