( 23 )

409 56 12
                                    


တဆစ်ဆစ်ထိုးကိုက်နေတဲ့ခေါင်းကိုကိုင်ပြီးဖြေးဖြေးချင်းထကြည့်တော့ မိုးကအတော်တောင်လင်းနေပြီ။
မနေ့ညကအဖြစ်အပျက်တွေကိုပြန်စဉ်းစားကြည့်ရင်း ဘေးဘီကိုကြည့်မိတော့

" ဘာလာကြည့်နေတာလဲ မင်းက "

စူပုတ်နေတဲ့မျက်နှာနဲ့ စောင်အထူကြီးကိုလည်ပင်းဖုံးတဲ့အထိဆွဲပတ်ထားတဲ့RenJunကဒေါသထွက်နေဟန်
စောင်ကအကြီးကြီးမို့ ခေါင်းလေးသာပေါ်နေပြီး သူ့မျက်လုံးထဲကောက်ပွေ့ချင်စရာစောင်ထုပ်လေးနှယ်။

" ဘာထိုင်လုပ်..ဟာ ! "

စကားမဆုံးခင်အနားမှာရှိတဲ့ခေါင်းအုံးနှင့်ရုတ်တရက်ကောက်ပေါက်ခံလိုက်ရတာမို့ သူရှောင်တိမ်းချိန်မရလိုက်။

ဘာတွေဒီလောက်ထိဒေါသထွက်နေရပါသနည်း။

" မင်းလုပ်ထားတာတွေကြည့်ဦး ! "

ဆောင့်ဆောင့်အောင့်အောင့်စကားသံအဆုံး မြင်လိုက်ရတဲ့လည်ပင်းကအမှတ်အသား‌တွေ။

" ဒီနေ့ကဘာနေ့လဲဆိုတာ မင်းမသိဘူးလား ?ငါအခုကုမ္မဏီကိုဘယ်လိုမျက်နှာမျိုးနဲ့သွားရမှာလဲဟမ်! "

ဒေါသထွက်နေရခြင်းအကြောင်းက သူဖန်တီးတဲ့အချစ်မှတ်ရာတွေ‌ကြောင့်မှန်းသိလိုက်ရချိန် ပီပြင်လာတဲ့အပြုံးတစ်ခုကဖုံးကွယ်မရတော့။

" ကျေနပ်မနေနဲ့Jeno Lee ငါကုမ္မဏီကိုမဖြစ် ဖြစ်တဲ့နည်းနဲ့သွားမှာ "

" ဟုတ်ပါပြီ အခုရေချိုးမှာလား ကိုယ်လိုက်ပို့ပေးမယ်လေ "

" မလိုဘူး! မင်းသွား ငါ့သာဘာချိုးမှာ "

အနေရခက်နေမှန်းသိလို့အပြင်ထွက်လာပေးတော့ ပတ်ထားတဲ့စောင်ထုပ်ကြီးအတိုင်း ခုန်ဆွခုန်ဆွနဲ့ ရေချိုးခန်းဆီသွားနေတာ ပိုးတုံးလုံးလေးကျလို့!

_

*ကျစ်!

၀တ်ကြည့်ထားတာတွေဘာတစ်ခုမှအဆင်‌မပြေလို့ ကုတင်ပေါ်ပစ်တင်ထားသမျှကတောင်ပုံကြီးလိုဖြစ်လို့။

ဘာပဲ၀တ်၀တ်အမှတ်အသားတွေကပေါ်နေတာ။

" ရော့ ဒါကို၀တ် "

𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 )  ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )Where stories live. Discover now