အပိုင်း(၁)

5.8K 233 0
                                    

အမှောင်ယံကြီးစိုး‌တဲ့ညအခါမှာ လင်းထိန်နေတဲ့အိမ်ကြီးတစ်လုံးနဲ့ အဲ့အိမ်ထဲက မှောင်မိုက်နေတဲ့အခန်းငယ်တစ်ခုထဲမှာ ဆယ်ကျော်သက် အရွယ်ကောင်လေးတစ်ယောက် ငိုကြွေးနေခဲ့တယ်ဆိုတာ အဘယ်သူမှသိမည် မဟုတ်လော။

"ရှင် ရှင် ကျွန်မကို အခုလိုနှိပ်စက်နေတာ တရားသလား"

"မင်းကရော မင်းရဲ့နောက်ယောက်ကျားနဲ့ ဖောက်ပြန်နေတာရော ကြားကောင်းသလား"

"အိုကွယ် မဟုတ်တာတွေ ကျွန်မမှာ ရှင်နဲ့သားလေးပဲရှိတာပါ"

"မင်းပြောတဲ့စကားတွေကိုငါကယုံပေးရမှာလား ပြောလေ! မင်းအခုပြော!"

"ရှင် အခုလိုတွေ ဆက်ပြီး အနိုင်ကျင့်နှိပ်စက်နေအုံးမယ်ဆိုရင် ကျွန်မရှင်နဲ့ ဆက်ပြီး မပေါင်းနိုင်တော့ဘူး ကွာမယ်ရှင်နဲ့ ကွာမယ်!"

"ရတယ်လေ ငါလဲမင်းနဲ့ ကွာမယ် အခုပဲ! ဒါပေမဲ့ ငါ့သားကိုတော့ငါ့ဆီမှာထားခဲ့ "

အစောရဲ့မိဘတွေကအဲ့တိုင်းပဲခနခနရန်ဖြစ်နေကျပင်၊ဒါပေမဲ့ဒါတွေကအခုချိန်ထိ အစော အတွက် ကျင့်သားမရသေးဘူးပေါ့‌ ရန်ဖြစ်တိုင်းလဲကြိတ်ငိုနေမိခဲ့ပြန်တယ်။

"သားလေး အစော" လို့အစောရဲ့အမေဒေါ်ခင်စံပယ်ကခေါ်တယ်။

"သား အခု သားအဖေနဲ့အတူတူနေရမယ်နော်"

လို့တခွန်းတည်းပြောပြီး အစောရဲ့အမေက အစောဘဝထဲကနေတစ်သက်လုံးပျောက်ကွယ်သွားတော့သတဲ့။

အမေ့ကိုလွမ်းမိတဲ့အခါတိုင်းလည်းမျက်ရည်လည်မိသား... ဒါပေမဲ့ဘဝဆိုတာထင်သလောက်မဖြောင့်ဖြူးတော့ကြိုးစားနေထိုင်ရမယ်ဆိုတဲ့စိတ်ကငယ်ရွယ်စဥ်ကတည်းကသူ့ရင်ထဲမှာကိန်းအောင်းလျက်ပေါ့။

၅ နှစ်ခန့်ကြာသော်...

ဒီနေ့ကအစောဘိလပ်ကိုသွားပြီးစာသင်ရမဲ့နေ့လေ၊ဘိလပ်ကိုမသွားခင် ရန်ကုန်မှာ ၁ပတ်ခန့်နေရအုံးမယ်လို့ အစောရဲ့‌အဖေ ကမှာကြားလိုက်သည်၊

*ရန်ကုန်ဘူတာကြီး*

" နောက်ဆုံးတော့ ရန်ကုန်ကိုရောက်ခဲ့ပြီပေါ့"

ဆိုင်းဘုတ်ကိုမြင်တာနဲ့တစ်ပြိုင်နက်အစော ခေါင်းထဲကိုဝင်လာခဲ့တဲ့အရာကတော့ အစောရဲ့အမေ ကို ရှာဖွေရမယ်ဆိုတာပဲ။

ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ