မြန်မာစံတော်ချိန်ညနေ ၄ နာရီအချိန်တွင် ဆိပ်ကမ်းတွင်သွားလာနေကြသောလူအနည်းစုသာရှိပေမဲ့ ပိုက်ဆံထုပ်တစ်ထုပ်ကိုလက်မှာကိုင်ထားကာရပ်နေသောလူတစ်ယောက်လည်းရှိနေလေတယ်၊မကြာမှီထိုနေရာသို့ အနက်ရောင်ကားတစ်စီးရောက်ရှိလာပြီး ထိုကားပေါ်ကအရင်ဦးဆုံး ရှူးဖိနပ်အနက်တစ်ဖက်ကမြေကြီးပေါ်သို့ကျရောက်လာခဲ့လေတယ်၊ထို့နောက် အိတ်တအိတ်ကိုကိုင်ကာ suit အပြည့်နဲ့ချောမောခန့်ညားသော လူတစ်ဦးဆင်းလာခဲ့လေတယ်၊ရပ်နေသောလူ အနားသို့သွားရောက်ကာစကားပြောနေတုံးအချိန်ခနလေးမှာ ပုလိပ်များရောက်ရှိလာခဲ့လေတယ်၊
"တာဝန်အရစစ်ဆေးတာမို့ မြို့အုပ်မင်းပူပေါင်းပေးပါ"
"ကောင်းပါပြီ"
လက်ထဲကအိတ်ကိုပေးလိုက်ရင်း ပြောလိုက်လေတယ်၊မျက်နှာချင်းဆိုင်ကလူကိုလည်း နှုတ်ခမ်းတစ်ဖက်တွန့်ရုံမဲ့ပြုံးပြုံးလိုက်လေတယ်၊"ဝန်ကြီးဒီအထဲမှာဘာမှမရှိပါဘူး"
"အင်း ဟို့လူအိတ်ကိုစစ်"
"ဟုတ်"
အချိန်ခနကြာတော့စစ်ဆေးရေးမှုးကအံ့ဩစွာစကားဆိုလာလေတယ်၊"ဒီအထဲမှာ ပိုက်ဆံတွေရော သေနတ်တစ်လက်ပါပါသေးတယ် ဝန်ကြီး"
"အေး ဒီ့ကောင်ကိုစခန်းခေါ်ခဲ့လိုက် လိုတာထက်ပိုတဲ့ငွေကြေးကိုင်ဆောင်မှု၊တရားမဝင်လက်နက်ကိုင်ဆောင်မှုတို့နဲ့အတူ အချုပ်ထဲထည့်ရမယ်.."
သူ့ရှေ့ကလူကို လက်နောက်ပြန်လက်ထိပ်ခတ်ပြီး ဝန်ကြီးကသူ့ကိုစကားဆိုလေတယ်၊"ပူးပေါင်းပေးလို့ကျေးဇူးပါ မြို့အုပ်မင်း"
"ရပါတယ်ဗျာ အချင်းချင်းပဲဟာကို"
"ဟုတ်ပါပြီ ဟုတ်ပါပြီ"
"ဟုတ်ကဲ့ပါ"
ဝန်ကြီးလှည့်ထွက်မယ်အလုပ်မှာ သူစကားစလိုက်လေတယ်၊
"ဒီလူ့ကို ကျွန်တော့်ကိုလွှဲပေးလို့ရမလား? ကျွန်တော်အုပ်ချုပ်တဲ့မြို့မှာဖြစ်တာဆိုတော့ ကျွန်တော်ပဲဆက်ပြီးတာဝန်ယူပါရစေ..""အထက်ကအမိန့်ဆိုတော့လုပ်ပေးလို့မရပါဘူး"
"ဒါပေမဲ့လုပ်ထုံးလုပ်နည်းအရဆို ကျွန်တော်ကပိုအရေးပါအရာရောက်မယ်ထင်ပါတယ် ဝန် ကြီး"
![](https://img.wattpad.com/cover/298615939-288-k411458.jpg)
ESTÁS LEYENDO
ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)
Romanceကိုကိုရဲ့ဆုတောင်းတွေအကုန်လုံးက ဟော့ဒီ့က ဗေဒါလေးကို အရင်းတည်ပါတယ်ဗျာ..... Start date-18.1.2022 End date-30.4.2022