အပိုင်း(၃၀)သင်္ကြန်

526 23 0
                                    

မြန်မာတို့ရဲ့အခါသင်္ကြန် နှစ်ကူးအချိန်သို့ ကူးပြောင်းတော့မည်ဖြစ်သော‌ကြောင့် လူအများဟာ တက်ကြွရွှင်မြူးနေကြလေတယ်၊နေရာအနှံ့အပြားမှာ မြို့မငြိမ်းရဲ့ မန်းတောင်ရိပ်ခို၊သင်္ကြန်မိုး စတဲ့သီချင်းတွေဟာမန္တလေးမြို့ရဲ့နေရာအနှံ့အပြားမှာပျံ့လွင့်လို့နေလေတယ်၊ပိတောက်ပင်အချို့တွင် ပိတောက်ဖူးတွေဟာလည်း အစီအရီဖူးငုံနေပြီး အခါတော်မိုးကို စောင့်ကြိုလို့နေလေရဲ့၊ ဘုရားရှိခိုး ပြီးစီးလို့ အိမ်အောက်ထပ်ကိုဆင်းလာတော့ သူ့ရဲ့အိမ်ဦးနတ်နဲ့ သားတော်မောင် ကိုတွေ့‌ရလေတယ်၊ သူလည်းလွတ်လပ်နေတဲ့ခုံတွင်ဝင်ထိုင်လိုက်ရင်းစကားစရန်ဟန်ပြင်လိုက်လေတယ်၊

"ကိုကို ဒီနှစ်သင်္ကြန်ဘာလုပ်မယ်လို့ စဉ်းစားထားလဲဟင်?"

"ကိုကိုကတော့ဘာအစီအစဉ်မှမရှိဘူး"
ကော်ဖီခွက်ထဲကို ကော်ဖီပေးဖြည့်ကာ မုန့်ဟင်းခါးပန်းကန်ထဲကိုလည်းဟင်းရည်လောင်းထည့်ပေးရင်းပြန်ပြောလိုက်တော့တယ်၊

"ဟော ကိုကို့မှာမရှိမှတော့ ဘယ်သူ့မှရှိမတုံး ကိုကိုရဲ့"

"မေမေကကြေးနန်းနဲ့စာတစ်စောင်အပြင် အစော ကြိုက်တဲ့ငံပြာရည်ကြော် ကိုထပ်ပေးလိုက်တယ်သိလား"

"ဟုတ်လား အစောတောင်မသိရပါလား?၊ဘာရေးပေးလိုက်သေးလဲ မေမေက"

"သင်္ကြန်အခါတွင်းမှာမန္တလေးမှာလာပြီး မေမေရောဟန်နီပါ မယ်သီလရှင်ဝတ်မဲ့အကြောင်း၊ကိုယ်ရောဗေဒါလေးရော သား ပါဘုန်းကြီးဝတ်ပေးဖို့စဉ်းစားထားကြောင်း သာကြောင်းမာကြောင်းစုံနေပါရောကွာ"

"အော် ကောင်းတာပေါ့ အစောလဲပိတ်တယ်ဆိုတော့ဝတ်ကြတာပေါ့ တစ်မိသားစုလုံး"

"ကိုကိုကတော့ နိုး ပါကွယ်"

"ဟင် ကိုကိုကလည်း ဘာကိစ္စမဝတ်မှာလဲ?"

"သင်္ကြန် ဆိုတာကတစ်နှစ်မှတစ်ခါ၊ ဟောပြီးတော့ တန်ခူးလတစ်လတည်းပင်၊ ပြီးဝောာ့ တစ်လမှ ၄ ရက်တည်းလေ ဘုန်းကြီးဝတ်ပြီးတော့ မကုန်ဆုံးချင်ပါဘူး"

"အဲ့ဆိုလည်း ပြီးတာပဲလေ ကိုကိုတစ်ယောက်တည်းအိမ်မှာနေခဲ့ အစောရောသားရောကဝတ်မှာ ဟုတ်တယ်မလား သား"

ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)Opowieści tętniące życiem. Odkryj je teraz