အပိုင်း(၂၁)

638 31 0
                                    

" ကိုကို အစောတို့လေ မင်္ဂလာအရောင်ကိုလေ ဘာအရောင်သုံးကြမလဲဟင်?"

"ဗေဒါလေး သဘောပါဗျာ"

"အဲ့ဆို ခရမ်းရောင်လေး သုံးမလားဟင်"

"ကောင်းတာပေါ့ ဗေဒါလေးရဲ့အကြိုက်ဆုံးအရောင်မလား"

"ဟုတ် ကိုကို အကောင်းဆုံးပဲ"

"အကောင်းဆုံးဆိုရင် အားဘွား ပေးပါ"

"အူးး မွ..."

"အားးးကိုရှိသွားတာပဲ၊ ဗေဒါလေး ကိုကိုတို့လေ ကရင်လိုရောဆောင်ရင်ကောင်းမလား"

"အာ ကောင်းတာပေါ့ ကိုကိုရ"

"အဲ့ဆိုရင် ဒီနေ့ ကရင်ဝတ်စုံရော ဗမာဝတ်စုံရောသွားရွေးကြတာပေါ့"

"ဟုတ်ကဲ့ပါ ကိုကို ဗမာဝတ်စုံက ခရမ်းရောင်ကိုသုံးမယ်ဆိုရင် ကရင်ဝတ်စုံကို အနီရောင်လေးသုံးမယ်"

"သဘောပါပဲဗျာ"

မနက် ၅ နာရီလောက်ကတည်းကထပြီး ဖိတ်စာရိုက်ခိုင်း၊အင်္ကျီရွေး၊အခမ်းအနားပြင်၊အကျွေး‌အမွေးအတွက်စီစဉ်တာနဲ့ပဲ အလုပ်ကလက်နဲ့ကိုမပြတ်ပေ၊ကိုကို လူဆိုးကလုပ်ချင်ပြီဆိုလည်း ဇွတ်၊စိတ်ကြီးတာကလည်း သူ့အပြင်နှစ်ယောက်မရှိအခုလည်းစိတ်တိုင်းမကျတာနဲ့ပဲ အော်နေပြန်လေတယ်၊

"မင်းတို့တွေ ဒါလေးတောင် အသုံးကျအောင် မလုပ်နိုင်ကြဘူးလား"

"တောင်း တောင်းပန်ပါတယ်ဗျာ ဒီလိုမျိုးတစ်ခါမှမလုပ်ဖူးလို့ပါ"

"အော် ဟုတ်လား ‌ေ_ာက်သုံးမကျရင်မကျဘူးပေါ့ မလုပ်ဖူးဘူးလေး ဘာလေးနဲ့"

"ကိုကိုကလည်း စိတ်နည်းနည်းလျော့ပါအုံး ဟိုမှာသူတို့လည်းလုပ်နေကြတာပဲလေ အဆင်ပြေသွားမှာပါ၊ အင်္ကျီတွေရောက်ပြီတဲ့ လာ သွားဝတ်ကြည့်ရအောင်"

"သူရိန်ရေ မင်းကြည့်ပြီးလုပ်ထားလိုက် ငါသွားလိုက်အုံးမယ်"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်"

ကိုကိုနဲ့အစောလည်းအပေါ်ထပ်ကိုတက်ခဲ့လေတော့တယ်၊

"ဝိုးးးးး ငါ့ကိုကိုက ခရမ်းရောင်နဲ့လည်းလိုက်နေရောပဲ ကိုကို့ဘေးမှာရပ်ရမှာတောင် သိမ်ငယ်မိသား"

ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ