အပိုင်း(၅)

1.2K 78 4
                                    

*အောက် အီး... အီး.. အွတ်*

"ဟော လင်းကြက်တောင်တွန်နေပြီပဲ..."

ကြားလိုက်ရတဲ့ကြက်တွန်သံကြောင့်အိပ်ရာပေါ်မှထကာ အစောလဲ အိပ်ရာထ ရေမိုးချိုးပြီး သနပ်ခါး ပါးပါးလေးလိမ်းထားဖြစ်တယ်၊ အစော ကသနပ်ခါးလိမ်းရတာကိုကြိုက်တယ်လေ...

သနပ်ခါးဆိုတာက မြန်မာ့အမွေအနှစ်တစ်ခုဖြစ်သလို လိမ်းသူအဖို့ အေးချမ်းစေသလို ရှူရှိူက်မိသူအဖို့လဲ မွှေးရနံ့သင်းပျံ့စေတယ်လေ၊အဲ့ဒါအပြင် အစောရဲ့မိခင်က‌လည်း သနပ်ခါးကိုအလွန်ခုံမင်နှစ်သက်တဲ့မြန်မာအမျိုးသမီးတစ်ဦးဖြစ်လေသည်။

"ဟောတော့ အတွေးလွန်နေတာနဲ့ပဲ ဘုရားရှိခိုးဖို့တောင်နောက်ကျတော့မယ်ရော"

အစောလဲတွေးလက်စ‌အတွေးတွေကိုရပ်ပြီး ဘုရားရှိခိုးဖို့ အိမ်ပေါ်ထပ်ကိုတက်လာခဲ့လေတော့တယ်။

"မြေးလေး အစော နိုးချေပြီလား"

"ဟုတ်နိုးပါပြီ ဘွားဘွားကြီး ဘုရားရှိခိုးပြီးပြီလား‌ဗျ"

"အခုလေးတင် ရှိခိုးပြီးဆင်းလာတာပါကွယ်"

"ဟုတ်ကဲ့ဘွားဘွားကြီး ဂရုစိုက်ပြီးဆင်းအုံးနော် "

"အေးကွယ်"

"ဒါဆို ဘွားဘွားကြီး အစောလဲဘုရားသွားရှိခိုးလိုက်အုံးမယ်ဗျ"

"အေးကောင်းပြီကွယ် ရှိခိုးပြီးရင်လည်းအောက်ထပ်ကို တန်းဆင်းခဲ့ချေ မနက်စာစားဖို့ဘွားစောင့်နေမယ်"

"ဟုတ်ကဲ့ဘွား ဒါဆို အစော သွားလိုက်ပါဦးမယ်"

အစောလဲဘွားဘွားကြီးနဲ့စကားပြောပြီးဘုရားရှိခိုးဖို့‌ဘုရားခန်းကိုတက်ခဲ့လေတော့တယ်။

*ဩကာသ ဩကာသ ဩကာသ.....
ကာယကံ၊ဝစီကံ၊မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကိုပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ဒုတိယ၊တတိယ၊တစ်ကြိမ်၊နှစ်ကြိမ်၊သုံးကြိမ်တိုင်အောင် ဘုရားရတနာ၊တရားရတနာ၊သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ရှိခိုးပူဇော်ဖူးမြော် မာန်လျော့ကန်တော့ပါ၏အရှင်ဘုရား။.....

ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)Donde viven las historias. Descúbrelo ahora