"တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ ညွှန်ချုပ်မှုးကြီးဗျ"
"အေး ဒီကမောင်ရင် ငါပြောထားတဲ့ဒေါက်တာလား"
"မဟုတ်ပါဘူးဗျာ ညွှန်ချုပ်ကြီးပြောထားတဲ့ဒေါက်က ပါရဂူအတွက်ဖြေဆိုနေတာဆိုတော့ အဆင်မပြေလို့ပါ ဒါပေမဲ့စိတ်မပူပါနဲ့ခင်ဗျာ ကျွန်တော်တို့ဆေးရုံရဲ့ဘိလပ်ပြန်အတော်ဆုံးဒေါက်တာကအစားထိုးကုသပေးမှာပါခင်ဗျာ"
"အင်းး သိပ်တော့သဘောမကျပေမဲ့ စောင့်ကြည့်လိုက်ပါအုံးမယ်"
"ဟုတ်ကဲ့ပါခင်ဗျာ"
"ဒါနဲ့ဒီကမောင်ရင်နာမည်က ဘယ်လိုခေါ်လဲ"
"ကျွန်တော့်နာမည်က စောဗေဒါ ပါဗျ"
"အင်း ကောင်းပြီ ခနကြာမှလာစမ်းသပ် ငါအခုအနားယူလိုက်အုံးမယ်"
"ဟုတ်ကဲ့ပါ ဒါဆိုကောင်းကောင်းအနားယူလိုက်ပါအုံး"
"အင်းး"
ဆေးရုံအုပ်လည်းအစောကိုခေါ်ပြီးအခန်းပြင်ကိုထွက်လာခဲ့လိုက်တော့တယ်၊
"အဲ့ညွှန်ချုပ်က အင်္ဂလန်ကအထူးခန့်ထားတဲ့လူ သူ့မှာဆီးချိုသွေးချိုရောဂါလည်းရှိတယ် ဒါပေမဲ့အခုကရောဂါဆန်းတစ်မျိုးပဲ၊ဘာလဲတော့ငါတို့လည်း သေချာမသိသေးဘူး ညွှန့်ချုပ်ကိုမင်းပဲတာဝန်ယူပြီးကုပေးလိုက်""ဟုတ်ကဲ့ပါဆေးရုံအုပ်"
"အေးအေး အဲ့ဆိုငါသွားလိုက်အုံးမယ် သူတို့လာခေါ်မှသွားနော် "
"ဟုတ်"
အစောလည်းတစ်မနက်လုံးလူနာတွေနဲ့အလုပ်ရှုပ်ပေမဲ့နေ့ခင်းတုံးကျတော့ ကိုကိုကထမင်းချိုင့်ကြီးနဲ့ဆေးရုံကိုရောက်ချလာလေတယ်၊
"ဗေဒါလေး ..."
"...."
နာမည်ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ ကိုကိုပင်လက်ထဲမှာထမင်းချိုင့်ကြီးကလည်းပါလာသေး၊လူနာကိုစမ်းသပ်ပြီးတာနဲ့ကိုကို့ဆီကိုသွားလိုက်လေသည်၊"ကိုကို ဘာလာလုပ်တာလဲဟင်"
"ထမင်းလာစားတာလေ"
"ဟင်!"
"ကိုယ့်ယောက်ကျားနဲ့ကိုယ်ထမင်းစားတာတောင်မရဘူးလား?"
YOU ARE READING
ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)
Romanceကိုကိုရဲ့ဆုတောင်းတွေအကုန်လုံးက ဟော့ဒီ့က ဗေဒါလေးကို အရင်းတည်ပါတယ်ဗျာ..... Start date-18.1.2022 End date-30.4.2022