အပိုင်း(၇)

1.1K 66 0
                                    

ရန်ကုန်မြို့ စက်မှူတက္ကသိုလ် (ခေါ်) RIT ကောလိပ် တွင်

"ဟန်နီရေ လာတော့လေကွယ် နောက်ကျတော့မယ်နော်။"

"လာပြီ လာပြီ သက်ထားရေ..."

ဟန်နီတစ်ယောက်မုန့်ထုပ်တွေတပွေ့တပိုက်နှင့်ပင်...
"ဒီ သရေစာတွေက ဘာလို့အများကြီး ဝယ် လာတာလဲ"

"ဟို အဆောင်ကိုမရောက်ခင်စားဖို့နဲ့ အဆောင်ရောက်ပြီးဗိုက်ဆာရင်စားဖို့ပါ သက်ထားရဲ့"

"ဒါနဲ့ပဲ ဒီလိုမုန့်တွေအများကြီး ဝယ်ချလာတာပေါ့ ပိုက်ဆံတွေကိုတယ်ဖြုန်းတာပဲ "

"အို ပိုက်ဆံဖြုန်းတာမဟုတ်ပါဘူးသက်ထားရဲ့ စားဖို့ပဲဟာကို ပြီးတော့ဟန်နီတစ်ယောက်တည်းမှမဟုတ် သက်ထားရောပါတယ်လေ နှစ်ယောက်တောင်ဆိုတော့ ဒီလောက်မှလောက်မှာလေ"

"ဟုတ်ပါပြီအစားပုပ်လေး‌ရယ် သက်ထားပဲမှားတာပဲဆိုပါတော့လေ "

"သွားမယ်လေ သက်ထားရဲ့ နောက်ကျတော့မှာပဲရယ် သက်ထားကလေအဘွားကြီးကျနေတာပဲ ပွစိပွစိနဲ့ပြောနေတော့တာပဲရယ်"

"အဲ့လိုပွစိပွစိပြောအောင် ဘယ်သူကလုပ်နေတာတုံး ပြောလေ"

"ဟုတ်ပါပြီ ဟုတ်ပါပြီ မယ်မင်းကြီးမရယ် မပြောတော့ပါဘူး သွားကြတာပေါ့"

တစ်ကယ်ဆိုသက်ထားက ရန်ကုန်တက္ကသိုလ်မှာတက်ဖို့ စီစဉ်ထားပြီဖြစ်သော်လည်း ဟန်နီက RIT မှာတက်မည်ဆိုသောကြောင့် သက်ထားကို မရရအောင်ပြောပြီး RIT ကိုပါအောင်အပါခေါ်ခဲ့ခြင်းပင်၊RIT မှာမိန်းကလေးအဆောင်ရှိတယ်လေ အဲ့မှာပဲသက်ထားရောဟန်နီရောနှစ်ယောက်လုံးနေဖို့စီစဉ်ထားလေတယ်၊

ကျောင်းဝန်းကြီးထဲကိုရောက်ပြီဆိုတာနဲ့ထင်ရှားတဲ့လမ်းလေးတစ်လမ်းရှိလေတယ်၊အဲ့လမ်းကတော့ ဩဘာလမ်းတဲ့ဒီ‌လမ်းကစက်မှူတက္ကသိုလ်ရဲ့မပြောင်းလဲတဲ့ပြယုဂ်တစ်ခုပင်၊းနောင်လာနောင်သားတွေအတွက်အတုယူစရာတစ်ခုလဲဖြစ်ပေတယ်၊ပြီးတာနဲ့အဆောင်အသီးသီး၊စာသင်ခန်းအသီးသီး၊စာကြည့်တိုက်စသည်ဖြင့်မျိုးစုံအောင်ရှိ‌လေသည်၊ထိုအထဲမှာ ဟန်နီရဲ့စိတ်ကိုအဖမ်းစားနိုင်ဆုံးက စံပယ်ပင်တွေပင်၊စံပယ်တွေဆိုတာက အပင်ပေါ်မှာရှိစဉ်ကတည်းက ကြိုင်ကြိုင်မွှေးသလို မြေခရပြီဆိုရင်လဲ မွှေးရနံ့ကသင်းပျံ့နေဆဲပါပဲ၊ဟန်နီတို့ကျောင်းအပ်ပြီးတာနဲ့ကျောင်းကချပေးတဲ့အခန်းကိုသွား‌ရလေတယ်၊မိန်းကလေးတွေက လေးယောက်တစ်ခန်းစုနေထိုင်ရခြင်းပင် ဟန်နီနဲ့သက်ထားအပြင်မေသူနဲ့စုစုလဲအတူနေထိုင်ခြင်းပင်၊

ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)Dove le storie prendono vita. Scoprilo ora