အပိုင်း(၈)

1K 60 0
                                    

နေလုံးကြီးကသူ့၏တ‌စ်နေ့တာလုပ်ငန်းတွေကိုစတင်လည်ပတ်ဖို့အတွက်လုပ်ဆောင်နေပြီလေ၊အခန်းထဲသို့နေရောင်ခြည်များက သိပ်တော့မဖြာကျသေးပေမဲ့လင်းကြက်တောင်တွန်နေပြီဖြစ်သောကြောင့် ကုဋေထရပေမည်။

မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ခေါင်းထဲကိုအရင်ဆုံးရောက်လာတဲ့အရာက ချစ်ရသူလေးပင်၊ချစ်ရသူလေးစားဖို့နံနက်စာကိုသူပြင်ဆင်ပေးချင်မိသည်၊ဒါကသူ့အတွက် ပထမဆုံး မီးဖိုချောင်ဝင်ခြင်းဆိုလဲမမှားပေ...

"ဝိုး... မွှေးလိုက်တဲ့အနံ့လေးပါလား"
ကုဋေလဲပြင်ဆင်ဖို့လာနေစဉ်ရရှိလိုက်တဲ့ အနံ့လေးကြောင့် ‌ခြေလှမ်းတွေပင်ရပ်တန့်သွားလေသည်။

"ဟော ကိုယ့်ရဲ့အိမ်သူလေးကနံနက်စာပြင်နေတာပါလား"

"ပြပါအုံး ကိုယ့်ကိုဘာတွေလုပ်ထားသလဲလို့"

"ဒီမှာကိုကို့အတွက် ထမင်းကြော်ရယ်ကြက်ဥကြော်လေးရယ် လက်ဖက်ရည်လေးရယ်ပြင်ဆင်ထားပါတယ်"

"မွှေးလိုက်တာမှလွန်ရောကွာ ကိုကိုစားနှင့်မယ်ရော"
အနံ့ကမွှေးလွန်းတာရောချစ်ရသူကပြင်ပေးထားတာ‌ကြောင့်ရောသူနံနက်စာပြင်ဖို့လာတာကိုပင်သတိမေ့သွားလေသည်။

"စားလို့ကောင်းလိုက်တာ ဗေဒါလေးချက်ထားတာက၊အော်...ဒါနဲ့ဗေဒါလေးကဘယ်အချိန်ကတည်းကနိုးနေတာလဲ ကိုကိုကနံနက်စာပြင်ဖို့လာတုံးရှိသေး ဗေဒါလေးကပြင်တောင်ပြီးသွားပြီ"

"ဟွန့် ကိုကိုကအိပ်ပုပ်ကြီးမို့ပါ အစောကပုံမှန်ပဲထတာ ဘုရားတောင်ရှိခိုးပြီးပြီ၊"

"ဟောကိုယ့်အိမ်သူလေးက ဘုရားတရားလဲမြဲသကိုး ‌ကုဋေ ကုဋေ မင်းတော့ယောက်ကျားရကံကောင်းပြီထင်ပါတယ်ရော"

"ဒီလိုလူကြီးမျိုး တစ်ခါမှမတွေ့ဖူးပေါင်"

"ဟော အခုတော့တွေ့ဖူးပြီမှတ်လား သေချာကြည့်ပြီးမှတ်ထားပါ ကိုယ်ကတစ်မိုးအောက်တစ်ယောက် ဟော့ဒီ့ကစောဗေဒါလေးရဲ့အနာဂတ်ခင်ပွန်းလောင်းပါဗျ"

"ဟုတ်ပါပြီ ကိုစကားတတ်ကြီးရယ် ဖြည်းဖြည်းလည်းစားပါအုံး"

"ဟုတ်ကဲ့ပါခင်ဗျ"

ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)Dove le storie prendono vita. Scoprilo ora