အပိုင်း(၁၃)

672 47 0
                                    

အစောရဲ့မျက်လုံးနှစ်ကိုစဖွင့်လိုက်တာနဲ့ ရင်ဘတ်ထဲကနာကျင်မှုကပြောမပြတတ်အောင်ပင်၊မျက်ရည်တွေကလည်းသွင်သွင်စီးကျလာလေတယ်၊မနေ့က‌တနေ့လုံးငိုလွန်းလို့ခေါင်းမူးပြီးအိပ်ပျော်သွားတာထင်ပါတယ်၊ဆက်ငိုဖို့မျက်ရည်မရှိလောက်တော့ဘူးထင်နေပေမဲ့အသက်ရှုလိုက်တိုင်း သူ့ပုံရိပ်၊သူ့အကြောင်းတွေကိုတွေးမိတိုင်း ငိုနေမိတုံးပါပဲ၊နေ့နေ့ညညငိုနေမိဆဲပါ၊ဒီလို‌မျိုးနေ့တွေဖြတ်သန်းလာတာဒါနဲ့ဆိုရင် ၁ ပတ်တိတိပင်ရှိနေပြီလေ၊အရင်ကလိုဘုရားတရားလည်းမမြဲနိုင်၊မစားမသောက်ဘဲတထွေထွေတမိုင်မိုင်ရှိနေဆဲပါ၊အစောမှန်ရှေ့ကိုမတ်တပ်ရပ်လိုက်သည်၊

အစောပုံကအတော့်ပင်ဆိုးရွားနေလေတယ်၊အရင်ကအစောနဲ့တစ်စက်မှမတူပဲပိန်ချုံးပြီးမျက်တွင်းတွေတောင်ညိုနေလေတယ်၊ဆံပင်တွေကရှည်နေပြီးလက်သည်းတွေကလည်းရှည်မျောနေတယ်၊အစောပုံကတခြားသူမြင်ရင် ဘိန်းဆွဲတဲ့ကောင်လေးလို့ထင်နေမှာအမှန်ပင်၊‌ထိုနေ့တွေကအစောအတွက် သေမလိုပါပဲ၊စိတ်ဆုံးဖြတ်လိုက်လေတယ်၊ကိုယ့်ကိုကိုယ်ပြင်ဆင်ရင်းနဲ့ပြောနေမိတုံးပါပဲ၊

"ဟာ့ ငါ ငါကအရူးပဲ ကိုယ့်ကိုလှည့်စားခဲ့တဲ့ လူတစ်ယောက် အတွက်ကိုငိုကြွေးနေမိတာပဲ"
ပြောရင်းနဲ့ပဲငိုကြွေးနေမိဆဲပါပဲ...၊

"ဒေါက် ဒေါက် ဒေါက်"

"တံခါးဖွင့်ထားတယ် ဝင်ခဲ့ပါ"
အစောလည်းမျက်ရည်တွေသုတ်ပြီးပြောလိုက်လေတယ်၊

"အဖေပါ သား သားအထုတ်အပိုးတွေအကုန်ပြင်ဆင်ထားလိုက်ပါ ခနအကြာကျရင် သွားကြတာပေါ့"

"အစော မနက်ဖြန်မှသွားလို့ရမလားဟင် ဒီနေ့သွားစရာလေးတစ်ခုရှိလို့"

"အင်းရတယ် သွားလေ ဒါပေမဲ့အဖေ့ကိုကတိတစ်ခုပေးသွားပါ၊အချိန်တန်ရင် အိမ်ပြန်လာရမယ် ဆိုတဲ့ကတိပေးပါ"

"ဟုတ် အစောကတိပေးပါတယ်"

"ကောင်းပြီ ဒါဆိုအဖေအလုပ်သွားတော့မယ်"

အဖေထွက်သွားတာနဲ့အစောလည်း ရေမိုးချိုးပြင်ဆင်နေလေတယ်၊ပညာသွားမသင်ခင်လေးမှား မွေးရပ်မြေဖြစ်တဲ့ဒီမြို့လေးကိုရော၊သူနဲ့အမှတ်တရတွေဖြစ်ခဲ့တဲ့ဒီနေရာလေးကိုရော တစ်ခေါက်လောက်ဖြစ်ဖြစ် အလည်သွားချင်မိသေးတယ်၊အစောရဲ့ဆုတောင်းတွေကမှန်ကန်ခဲ့ပေမဲ့တစ်ဖက်တည်းကချစ်နေခဲ့မိရုံပါ၊

ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)حيث تعيش القصص. اكتشف الآن