🎼ပျိုပျိုခင် အလည်ပတ်ထွက်တယ် မော်တော်ကားနဲ့ရယ် ဟိုယခင် ကျောင်းပိတ်တဲ့ရက်ကကွယ် ရှမ်းပြည်ကို တောင်ပိုင်းရောမြောက်ပိုင်းရောကွယ်နှံ့ခဲ့တယ် ပျိုပျိုခင် အလည်ပတ်ထွက်တယ် မော်တော်ကားနဲ့ရယ် ဟိုယခင်ကျောင်းပိတ်တဲ့ရက်ကကွယ် ရှမ်းပြည်ကိုတောင်ပိုင်းရော မြောက်ပိုင်းရောကွယ် နှံ့ခဲ့တယ်.......🎼
ကက်ဆက်ကနေသီချင်းသံညိမ့်ညိမ့်လေးကို ခင် ထိုင်နားထောင်ရင်းစာအုပ်ဖတ်နေဖြစ်တယ်၊ ခင် တို့က ကလောကနေပြောင်းလာတာမကြာသေးဘူးလေ ရန်ကုန်မှာ အခြေချဖို့စဉ်းစားထားတယ်၊ဒါပေမဲ့ ခင်က ရှမ်းမလေး ဖြစ်သူပီပီ ကလောကိုသာပိုပြီးနှစ်သက်လေသည်။
ခင် ရန်ကုန်ကိုစစရောက်တဲ့နေ့ကပင် ရွှေတိဂုံဘုရားကိုသွားဖူးဖြစ်လေတယ်။ဘုရားပေါ်မှာရန်ကုန်သူတစ်ယောက်နဲ့တွေ့ခဲ့သေးတယ်၊ထိုအမျိုးသမီးလေးက ခင် တို့နဲ့မတူပေ။ သူ့ပုံစံလေးကတမူထူးခြားပေသည်၊သူမက ခင့်ကိုအတော်ပင်ခင်ပုံရတယ်၊ သက်ထား ဆိုသည်ကပါးစပ်ဖျားကနေမချပေ။
ခင် သည်မြန်မာ့အနုပညာကိုအလွန်ပင်နှစ်သက်လေသည်၊ ဟန်နီက ဒီကနေ့ လေဘာတီမမြရင်ရဲ့ ဖျော်ဖြေပွဲကိုလိုက်ပို့မည်ဆိုသောကြောင့် ဒီတပိုဒ်ပြီးရင်တော့ ရေမိုးချိုးပြီးစောင့်နေရမည်လေ။
"သက်ထားရေ သက်ထား "
"ဟန်နီလား ဝင်ခဲ့လေ"
"ဟုတ်အဲ့ဆို ဟန်နီဝင်ခဲ့မယ်လေရော"
"ပြီးပြီလား သက်ထား ဖျော်ဖြေပွဲက စ နေချေတော့မယ် ဟန်နီတို့သွားရအောင်လေ"
"ပြီးပါပြီ ဟန်နီရယ် သွားကြတာပေါ့"
သက်ထားကတစ်ယောက်တည်းနေခြင်းဖြစ်တယ်၊ကလောက အခုမှစစပြောင်းလာခြင်းဆိုတော့
ရန်ကုန်မြို့ မှာသိပ်ပြီးအံ့ဝင်ခွင်ကျမဖြစ်ချေ။
ရန်ကုန်မှာက လူပေါင်းစုံနေထိုင်သောကြောင့်
သက်ထားကို လူဆိုးလူမိုက်တွေနဲ့ဆုံမှာစိုး၍ ဟန်နီကပဲ သက်ထားကို အစစအရာရာ ဂရုစိုက်ပေးရလေမယ်၊သက်ထားကတကယ့်ကို တိုင်းရင်းသူအရိုးခံလေးပင်၊ လှလည်းလှပေ ချောလည်းချောပေရဲ့၊ဓာတ်ပြားမင်းသမီး လုပ်စားမယ်ဆိုရင်တောင် ချမ်းသာနေလောက်ရောပေါ့၊
![](https://img.wattpad.com/cover/298615939-288-k411458.jpg)
YOU ARE READING
ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)
Romanceကိုကိုရဲ့ဆုတောင်းတွေအကုန်လုံးက ဟော့ဒီ့က ဗေဒါလေးကို အရင်းတည်ပါတယ်ဗျာ..... Start date-18.1.2022 End date-30.4.2022