အပိုင်း(၂၄)

552 35 0
                                    

🎼ဝမ်းနည်းတတ်သူကို မင်းထပ်မနှိပ်စက်နဲ့တော့ အချစ်ကကိုယ့်အတွက်ဆို အမြဲတမ်းရှုံးမဲ့တိုက်ပွဲတစ်ခု နောက်တစ်ခေါက်မရှုံးချင်ပါ မင်း ငါ့အတွက်မတွေးနဲ့တော့ ဟိုးးအဝေးဆုံးတစ်ဖက်မှာ ဘဝကိုပြန်အသစ်စ မင်းကြောင့်သာ မပြောရက်ပါ မလွန်ဆန်ရဲတဲ့ကံတရား ရှိခဲ့လို့ဘဲ ဒီလိုဇာတ်သိမ်းဖို့
ပညက်ထား နောက်လူရင်မှာ ပျော်နိုင်မှာပါ ငါ့အနားမလာနဲ့တော့ အခုလိုပြောတာ မချစ်လို့မဟုတ်ဘူးနော် ဒီလိုပဲ သိပ်မကြာခင်အဆင်ပြေမှာပါ ငါနားလည်ပြီးသား မင်းနဲ့ကိုယ်နဲ့စည်း ခြားနေပြီကွာ...🎼

"ရော့ ကိုကို အသည်းမကွဲဘဲနဲ့အသည်းကွဲသီချင်းဆိုတာဆိုလို့ ကိုကိုတစ်ယောက်တည်းပဲရှိမယ်နဲ့တူတယ်"
အစော လည်းကော်ဖီခွက်ကိုပေးရင်း ပြောလိုက်လေတယ်၊

"ဟားး ဟားး ကိုကို့မှာအသည်းကွဲဖို့ဆိုတာ ဒီတစ်သက်မဖြစ်နိုင်တော့ဘူး"

"ဟင်! ဘာလို့"

"ကိုကိုကဗေဒါလေးတစ်ယောက်တည်းကိုပဲချစ်သလို၊ ဗေဒါလေးကလည်းကိုကိုတစ်ယောက်တည်းကိုချစ်တယ် ဟုတ် ကိုကိုကဗေဒါလေးကို ချည်ပြီးတုတ်ပြီးတရားဝင်လက်ထပ်ယူထားတဲ့အတွက် ဒီတစ်သက် ကိုကိုအသည်းကွဲဖို့ဆိုတာ မရှိနိုင်ပေါင်"

"အစောက ကိုကို့ကိုချစ်တယ်လို့ ဘူပြောလဲ?"

"မပြောလည်း လုပ်ရက်ကသက်သေပြပြီးသားလေ"
ကိုကိုကပြောနေရင်းနဲ့ပဲ သူ့ပါးကိုရုတ်တရက်လာနမ်းလိုက်လေတယ်၊

"ကိုကို တကယ်ချစ်တာလားဟင်"

"ပြောစရာတောင် လိုသေးလို့လားကွာ ကိုကို့နှလုံးသားရဲ့ဥပဒေ မှာ ဗေဒါလေးတစ်ယောက်ကိုသာ ချစ်ရမယ်လို့ ပြငှာန်းထားပြီးသား"

"ကိုကို စကားတတ်ကြီး အစောတော့ဘယ်အချိန်မှ ကိုကို့ကိုနိုင်အောင် ပြောနိုင်မလဲမသိပေါင်"

"နိုင်စရာမလိုအောင် ကိုကိုကအရှုံးပေးထားပြီးသားပါဗျာ"
သူနဲ့ဗေဒါလေးရဲ့ အိမ်ထောင်သက်တမ်းဟာ တစ်နှစ်ပင်ပြည့်လေတော့မည်၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်သောအခါမှမရိုးနိုင်တဲ့စကားတွေနဲ့ချစ်တတ်ကြသလို သစ္စာလည်းအလွန်ရှိကြလေတယ်၊ မင်္ဂလာနှစ်ပတ်လည်နေ့မှာ ဦးလေး ဆီကိုဗေဒါလေး ကိုခေါ်သွားဖို့တော့ စဉ်းစားထားလေရဲ့၊

ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)Where stories live. Discover now