" အားးးး နာတယ် ကိုကိုရေ"
တစ်ညလုံးသောင်းကျန်းထားပြီးမနက်ကျတော့လည်းညကသူမဟုတ်တဲ့အတိုင်းအော်နေလေတယ်၊ကိုယ်ကမနေနိုင်သူလည်းဖြစ်၊လုပ်ထားသူလည်းဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ကိစ္စကိုတာဝန်ယူရပေမယ်၊"လာပြီ လာပြီ ကလေးရေ"
ကုဋေတစ်ယောက်ရေးကြီးသုတ်ပျာနဲ့အောက်ထပ်မှာရေးနွေးကျို၊ ပြီးတာနဲ့ရေအေးနဲ့အသင့်အတင့်ရောပြီး ဇလုံထဲမှာထည့်ကာကုတင်ပေါ်သို့ယူလာလေတယ်၊"လာ ကုန်းလိုက် ဗေဒါလေး ကိုကိုအစပ်ပြေအောင်ဆေးပေးမယ်"
"ဟင့်အင်း လုပ်ချင်ဘူး နာတယ် အီးး ဟီးးးး"
"လိမ်မာပါတယ်နော် ဗေဒါလေးက ကိုကိုကညင်သာစွာလုပ်ပေးမှာ"
"ဒီတစ်ခါတော့ ယုံပေးလိုက်မယ် "
"ကောင်းပါပြီဗျာ"
ကုဋေလည်းလုပ်ပေးစရာရှိတာလုပ်ပေးပြီးကုတင်ပေါ် တက် ဗေဒါလေး ကိုဖက်ထားလေတယ်၊သူရဲ့လက်မောင်းပေါ်မှာဗေဒါလေးက ခေါင်းအုံးထားတဲ့အနေအထားပင်၊သူကတော့တစ်ကိုယ်လုံးအကျီဝတ်ထားပေမဲ့ ဆရာသမားကတော့ သူ့အကျီကြီးကောက်ဝတ်ထားပြီး အောက်မှာတော့ဘာမှမဝတ်ထားချေ၊သူလည်း ဟန်နီပေးထားတဲ့အကြံအတိုင်း လုပ်ဖို့ စကားစလိုက်လေတယ်၊"ဗေဒါလေး ကိုကိုတို့ပျားရည်ဆမ်းခရီး ထွက်ရင်ကောင်းမလား"
နှစ်ယောက်လုံးက မျက်နှာဖြူ တွေနဲ့အဆက်အသွယ်ရှိသူတွေပီပီ အနောက်တိုင်းစကားတွေနဲ့ ယဉ်နေပြီဖြစ်သည်၊ဒီလိုမျိုး တခြားသူသာသွားပြောလို့ကတော့ နားမလည်ဘူးဆိုပြီး ပြောမှာအမှန်ပင်၊"ကိုကို ကအားလို့လား ပျားရည်ဆမ်းခရီးက သုံးရက်လောက်သွား ရမှာကို"
"အားတာပေါ့ သခင်လေးသာခေါင်းတစ်ချက်ငြိမ့်လိုက်ရုံနဲ့ သွားချင်တဲ့နေရာကိုတန်းပို့ပေးမှာ"
"ဟီးးး ဟုတ် အစောကလေ ကမ်းခြေတို့အပန်းဖြေနေရာတို့ မသွားချင်ဘူး ၊ကိုကို ကျိုက်ထီးရိုး ဘုရားကိုသိလားဟင်?"
"မွန်ပြည်နယ် ကျိုက်ထိုမြို့က တောင်ပေါ်မှာရှိတဲ့ဘုရားလား"
"ဟုတ်တယ် ကိုကို အစောအဲ့ဘုရားကိုသွားချင်စိတ်ကတအားပဲရယ်၊ဘုရားပေါ်ကိုမတက်ခင် ကရင်ပြည်နယ်က အစောတို့အမျိုးတွေရှိတဲ့ ရွာမှာလည်းတည်းလို့ရတယ်"
YOU ARE READING
ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)
Romanceကိုကိုရဲ့ဆုတောင်းတွေအကုန်လုံးက ဟော့ဒီ့က ဗေဒါလေးကို အရင်းတည်ပါတယ်ဗျာ..... Start date-18.1.2022 End date-30.4.2022