"ကိုကို အစောပြောထားတဲ့အတိုင်းပဲလုပ်ထားနော်.."
ဒီနေ့ကနှစ်ဆန်းတစ်ရက်နေ့ဖြစ်တာကြောင့် အိမ်တွင်ပေါင်မုန့်အုန်းဆီချက်လုပ်စားပြီး နီးစပ်ရာနှစ်အိမ်သုံးအိမ်ကိုဝေလေမည်၊အုန်းဆီချက်နေတုံး နှစ်အိမ်ကျော်ကအသက် ၇၀ အရွယ်အဘွားကရုတ်တရက်မူးလဲသွားသည်ဆို၍ သူလိုက်ကုပေးမည်လေ၊အိမ်ကလူ့ရဲ့လက်ဆကိုသိတာကြောင့်အဆက်မပြတ်မွှေနေဖို့သာပြောထားလိုက်လေတယ်၊"အော် ပြီးတော့ ကိုကို ဘာမှလျှောက်မလုပ်နဲ့နော် မကောင်းဘဲဖြစ်ကုန်မယ် အစောကခနပဲကြာမှာ.."
"အင်းပါ စိတ်ချပါဗေဒါလေးရဲ့ ကိုကိုဘားမှမလုပ်ဘူး"
"ကောင်းပါပြီ ကောင်းပါပြီ"
အုန်းဆီချက်ပြုလုပ်ရန် အုန်းနို့ရည်ကိုအတိုင်းအဆနဲ့လိုသလောက်ဆီကိုထည့်ထားပြီး အဆက်မပြတ်မွှေပေးရမည်၊အိုးမကပ်စေရန်အထူးသတိပြုရန်လည်းလိုအပ်သေးတယ်၊အိုးကပ်တာနဲ့အဆင်မပြေတာကြောင့် သတိကြီးစွာထားရသေးတယ်၊ အခုမှတည်ကာစတော့ သူလည်းဧည့်ခန်းထဲမှာသတင်းစာခနထိုင်ဖတ်ရန်ထထွက်လာလိုက်တော့တယ်၊ ၁၅ မိနစ်လောက်လည်းကြာရော ဗေဒါလေးကတောင်ပြန်ရောက်လာလေတယ်၊"ပြန်လာပြီလား ဗေဒါလေး"
"ဟုတ် ကိုကို"
အစောဧည့်ခန်းထဲရောက်တာနဲ့နှာခေါင်းထဲကိုအလုအယက်ဝင်လာသော တူးနံ့၊အစကတော့သတိမထားမိပေမဲ့ နောက်တော့အုန်းဆီနံ့ပါရလာတာကြောင့် မီးဖိုချောင်ထဲကိုသွားကြည့်လိုက်တော့ အိုးကပ်၍သာမက တူးလွန်း၍မဲပါမဲနေလေတယ်၊ခုံမှာမထိုင်ဘဲမီးဖိုချောင်ကိုဒုန်းစိုင်းပြေးသွားသောသူကြောင့် သတင်းစာကိုကုန်းဖတ်နေကာမှထတော့မှ ရလာသော တူးနံ့၊သေချာပါလေတယ်သူမေ့နေပြီး အုန်းဆီချက်အိုးကိုဒီအတိုင်းထားပစ်ခဲ့တာ မဟုတ်လား... တူး၍ခြောက်သောအိုးကိုကိုင်သာရှုံမဲ့မဲ့ဖြစ်နေသောမျက်နှာလေးကသူ့ကိုဆီးကြိုနေလေတယ်၊ရှိသမျှသွား ၃၂ ချောင်းလုံးအကုန်ဖြဲ၍ရီပြတာတောင် မျက်နှာလေးကတစ်ချက်မပြုံးလာ၊သူ့အမှားဖြစ်ပေသောကြောင့် အနားကပ်ကာချွဲပေရတော့မည်လေ၊
"ဟို ဟို ကိုကိုကသတင်းစာကိုဖတ်ချင်စိတ် အားကြီးများသွားတော့ မေ့သွားတာရယ်.."
BẠN ĐANG ĐỌC
ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)
Lãng mạnကိုကိုရဲ့ဆုတောင်းတွေအကုန်လုံးက ဟော့ဒီ့က ဗေဒါလေးကို အရင်းတည်ပါတယ်ဗျာ..... Start date-18.1.2022 End date-30.4.2022