"ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ ကိုယ့်ချစ်သောလေးရေ.."
ည ၁၂ နာရီထိုးပြီးလို့ ၁ မိနစ်နေတော့ ကိုကိုကအိပ်နေရင်းကနေ ထကာ ဆုတောင်းပေးသည်၊ဒီနေ့ဟာ အစောကို မေမေကလူ့လောကထဲကိုခေါ်ဆောင်ပေးခဲ့တဲ့နေ့ပင်၊သူ့ရဲ့ငယ်ဘဝဟာမသာယာခဲ့ပေမဲ့ ကိုကိုနဲ့စတွေ့တဲ့အချိန်ကတည်းက အမြဲလိုလိုပင်သူ့မျက်နှာပေါ်မှာ အပြုံးပန်းတွေဝေဆာနိုင်ခဲ့သည်မဟုတ်လား..."ကိုယ့်ချစ်ယောင်္ကျားလေး ဤမွေးနေ့မှစပြီးနောင်နှစ်ပေါင်းများစွာ ကုဋေကုဋာတိုင်အောင် ကိုကိုနဲ့နေထိုင်နိုင်ပါစေ၊ လိုအင်ဆန္ဒ ဆိုတာမရှိအောင်ကိုကိုကဖြည့်ဆည်းပေးပါမယ်၊ သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့မိသားစုလေးမှာပျော်ရွှင်စွာနေထိုင်နိုင်ပါစေ၊ ဟော့ဒီ့ကကိုကို့ကိုလည်းအများကြီးပိုချစ်နိုင်ပါစေ၊ ကလေးလေးတွေလည်းအများကြီးမွေးပေးပါ၊ နောက်ဆုံးတစ်ခုအနေနဲ့အတိတ်ကစိတ်ညစ်စရာတွေကိုမေ့ထားပြီး ကိုကိုနဲ့အတူ လှပတဲ့အနာဂတ်တွေကို အတူတူဖန်တီးကြရအောင်လား မွေးနေ့ရှင်လေး.."
"ကျေး ကျေးဇူးတင်ပါတယ် ကိုကို..."
ဝမ်းသာလွန်း၍အပြုံးမျက်ရည်တွေနဲ့ ကိုကို့ကိုတင်းကျပ်စွာဖက်ထားပြီး ပြောမိလေတယ်၊"မလိုပါဘူး ဗေဒါလေးရယ် ကိုကို့အချစ်တွေနဲ့တစ်သက်စာလုံးအတွက် ငြိမ်းချမ်းပါစေနော်"
"ကိုကို့ရဲ့အဆုံးမရှိတဲ့ ချစ်ခြင်းတွေနဲ့တင် အစောရဲ့ဘဝကလုံခြုံပြည့်စုံပြီးသားပါ ကျန်တာတွေဘားမှမလိုအပ်ပါဘူး"
"ကိုယ်သိပါတယ်အချစ်ရာ ကိုယ်ကလည်းအချစ်ကိုချစ်တာကိုသိတယ်ဟုတ်"
"သိပ်သိတာပေါ့ အစောကိုထားမသွားနဲ့နော် ကိုကို"
ထားမသွားဘူးဆိုတာကိုသိပေမဲ့ ထပ်တလဲလဲတောင်းဆိုနေမိတယ်၊လူတွေကတော့ သူ့ကိုရူးတယ်လို့ထင်လောက်မှာပင်၊ ထင်ချင်လည်းထင်ကြပါစေ ကိုကိုကသာသူ့ရဲ့အားကိုးရာ၊ သူ့ရဲ့ကိုးကွယ်ရာ ဖြစ်တဲ့အတွက်ကြောင့် သူအဆုံးရှုံးမခံနိုင်သလို ထားသွားရင်လည်း ရူးရလိမ့်မယ်၊"အော် ကလေးရယ် ပြောစရာလိုသေးလို့လား သေတဲ့အထိမင်းဘေးနားမှာခစားမဲ့ကောင်ပါကွ!"
STAI LEGGENDO
ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)
Storie d'amoreကိုကိုရဲ့ဆုတောင်းတွေအကုန်လုံးက ဟော့ဒီ့က ဗေဒါလေးကို အရင်းတည်ပါတယ်ဗျာ..... Start date-18.1.2022 End date-30.4.2022