အပိုင်း(၂)

2.6K 140 0
                                    

"မေမေ ရေ ဟန်နီ ဘုရားသွားလိုက်အုံးမယ်နော်"

"ဘယ်ဘုရားလဲ ဟန်နီရဲ့"

"ရွှေတိဂုံဘုရား ပါမေမေ"

"အေးအေး သွားလေ သမီး နောက်မကျစေနဲ့နော် သမီး အစ်ကို ကိုခေါ်မသွားဘူးလား"

"ခေါ်မသွားတော့ဘူး မေမေရေ အစ်ကိုကြီးက ဒီနေ့သွားစရာရှိလို့တဲ့"

"အော် အေးအေး "

ဟန်နီ မေမေနဲ့စကားပြောပြီးတော့အိမ်ရှေ့ကိုထွက်လာခဲ့တယ်၊

"ဦးစိန်ထွန်းရေ ဟန်နီ ဘုရား သွားချင်လို့ ကားထုတ်ပြီး လိုက်ပို့ပေးပါ‌အုံး"

"ဟုတ် ဟုတ်ကဲ့ပါ မမလေး ကျွန်တော် အခုပဲကားသွားထုတ်လိုက်ပါ့မယ်"

ဘုရား‌ပေါ်မှာတွေ့လိုက်ရတဲ့ အမျိုးသမီး တစ်ယောက်က အတော်ပင်ချောသည်။ သူမရဲ့မျက်လုံးလေးတွေက ပုလဲနဲ့မဟူရာပေါင်းစပ်ထားတဲ့ပုံပင် ၊
နှုတ်ခမ်းလေးဆိုသည်မှာလဲ ကော့ညွှတ်သွယ် နေသည်၊ထိုနှုတ်ခမ်းလေးပေါ်မှာတင်ထားတဲ့ အနီရောင် နှုတ်ခမ်းဆိုးဆေးလေးကအထင်သား၊ အချိုးအစားလေးကအလှသား၊ အို ပြောလို့ပင် ကုန်မည်မဟုတ် ၊မိန်းကလေးချင်းတောင် လည်ပြန်ငေးရအောင်လှရက်လွန်းသူလေး၊ ဟန်နီ ထိုအမျိုးသမီးကို သိပ်ပင်သဘောကျသည်။

ထိုအချိန် အစ်မရဲ့ ပုဝါလေးက ဟန်နီ့ဆီ ကိုလွှင့်လာခဲ့တယ်။

"အစ်မ အစ်မရဲ့ပုဝါလေးလားရှင့်"

"အာ ဟုတ်ပါတယ် သက်ထားရဲ့ပုဝါလေးပါ"

"ဒါနဲ့ကျေးဇူးတင်ပါတယ် ပုဝါလေးကိုအခုလိုပြန်လာပေးလို့"

"ရပါတယ် ဟို အစ်မအားလားဟင်"

"အစ်မအားရင်အစ်မကိုတစ်ခုခုလိုက်ကျွေးချင်လို့ပါ"

"ရပါတယ်ကွယ်အစ်မအားပါတယ်"

"ဟုတ်အဲ့ဆိုလဲ သွားကြမယ်လေနော်"

ဟန်နီနဲ့အမနဲ့မုန့်စားဖို့ ဘုရားပေါ်ကနေပြန်ဆင်းခဲ့ကြတယ်၊အမက လက်ဖက်ရည်သောက်ချင်တယ်ဆိုလို့ ကန်တော်ကြီးဘက်က အရိပ်ကောင်းပြီး လက်ရာကောင်းတဲ့ ဆိုင်ကိုခေါ်လာခဲ့လေတယ်။

ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ