နှစ်ရက်ခန့်ကြာသော်...
သန့်ပြန့်ချောမောသော ယောက်ကျားတစ်ယောက်ရဲ့ခြေသံကို အိမ်အဝင်ဝကနေဧည့်ခန်းအထိကြားနေရတယ်၊ထိုယောက်ကျားက ဒီလောက်ထိဩဇာအာဏာကြီးမားလေတယ်၊သူ့၏အာဏာစက်က လူပင်မက ခြေသံအထိပါကြီးမာလေတယ်။
"တွေ့ရတာဝမ်းသာပါတယ် ထွဋ်မြတ်ကုဋေ"
"ငါလဲအတူတူပါပဲ စိုင်းသူရ"
စိုင်းသူရက လည်းခေသူမဟုတ် ကိုယ့်လိုပဲ မူးယစ်ရာဇာတစ်ဦးပင်၊သို့ပေသိ သူနဲ့ကိုယ်နဲ့က လူမှူရေးအရအငြိုးအတေးမရှိပေမဲ့ လုပ်ငန်းချင်းတူသောကြောင့်သဘောထားတော့မတိုက်ဆိုင်ပေ၊ထို့ကြောင့်သူနဲ့ကိုယ်နဲ့က ရန်သူဖြစ်နေတာတော့မဆန်းပေ။
"ငါ မင်းနဲ့ဆွေးနွေးစရာ ရှိလို့"
"မင်းတပည့်တွေနဲ့အပေးအယူလုပ်ထားတဲ့ကိစ္စကလွဲရင်ကျန်တာကြိုက်တာပြော"
"ဟား ဟား ဟား... ဒါဆိုရင်တော့ မင်းနဲ့ငါနဲ့က ပြဒါးတစ်လမ်းနဲ့သံတစ်လမ်းပဲ!"
ကုဋေကပါးစပ်ကပြောနေရင်းနဲ့ပင် အိပ်ကပ်ထဲကအမြဲဆောင်ထားတတ်သော သေနတ်ကိုစိုင်းသူရရဲ့ဦးခေါင်းကိုထောက်လိုက်လေသည်။
"တောက်! မင်းကငါ့ထက် အမြဲခြေတစ်လှမ်းသာနေတာပဲ"
"ဟားး ဟားး ဟား ဒါပေါ့"
"ကောင်းပြီလေ ဒီတစ်ခါတော့ မင်းမြန်လို့ငါခံလိုက်ရတာပဲ မင်းတို့ဂိုဏ်းရဲ့ အချက်အလက်တွေကိုငါပြန်ပေး လိုက်မယ်"
"....."
"ထွဋ်မြတ်ကုဋေမင်းအမြဲတမ်းတော့မသာနိုင်ပါဘူး မင်းကျဆုံးတဲ့အချိန်ကျရင်တော့မနွဲ့စတမ်းပေါ့ကွ"
"ကောင်းပါပြီ ကိုယ့်လူ အခါကြုံရင်တော့ ပြန်ဆုံကြတာပေါ့ နောက်တစ်ခါဆိုရင်တော့ မင်းအသက်အာမမခံနိုင်ဘူးနော်"
"Good luck ပါ"
ဟွန့် ကုဋေ ကုဋေမင်းအမြဲတမ်းတော့ဘုရင်မလုပ်နိုင်ပါဘူး မင်းရဲ့အားနည်းချက်ကိုငါကိုယ်တိုင်ရအောင်ရှာပြီး အဆုံးသတ်ပေးမယ်စိတ်ချ။
ကုဋေလဲတစ်ယောက်သူကိုလွမ်းနေပြီမို့ အမြန်နည်းနဲ့ ရန်ကုန်ပြန်ဖို့စီစဉ်ရတော့လေသည်။
![](https://img.wattpad.com/cover/298615939-288-k411458.jpg)
YOU ARE READING
ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)
Romanceကိုကိုရဲ့ဆုတောင်းတွေအကုန်လုံးက ဟော့ဒီ့က ဗေဒါလေးကို အရင်းတည်ပါတယ်ဗျာ..... Start date-18.1.2022 End date-30.4.2022