အပိုင်း(၃)

1.9K 108 0
                                    

တီ တီ တီ...

ဟော ရောက်လာပါပြီ အချိန်တိကျချက်ကတော့ ကြက်ဖတောင်‌ဆရာခေါ်လောက်တယ်၊ထိုလူကြီးက vauxhall အမည်ရှိတဲ့ အနောက်နိုင်ငံကထုတ်လုပ်ထားပုံရတဲ့ ကားအမျိုးအစားနဲ့လာခေါ်ခြင်းပင်။

"ဗေဒါလေး ကိုယ်ရောက်ပြီဗျို့"

"လာပြီဗျို့ လာပြီ လာပြီ"

ထိုစဉ်အိမ်ခန်းထဲတွင်ထိုင်နေသော ဘွားဘွားကြီးမှာ...

"ဘယ်သွားမလို့လဲကွဲ့ အစော"

"အစောရဲ့အသိတစ်ယောက်က ရွှေတိဂုံ ဘုရားလိုက်ပို့မယ်ဆိုလို့ဗျ"

"အော် ဘယ်ကအသိလဲ‌ "

"၅ အိမ်ကျော်လောက်က ကုဋေစံအိမ်တော်ကပါ ဘွားဘွားကြီး "

"ကောင်းပြီ ငါ့မြေး အသွားအပြန် ဂရုစိုက်နော်"

"ဟုတ်ဟုတ် ဘွားဘွားကြီး အဲ့ဆိုကျွန်တော်သွားတော့မယ်ရော "

"အေးအေး"

ကားပေါ်က ကုဋေတစ်ယောက်က ‌ဖင်တကြွကြွ‌ ဖြစ်နေသည်။ တခါမှမထဖူးသည့် မနက်၅ နာရီလောက်ကတည်းကထပြီး ကြိုတင်ပြင်ဆင်နေခြင်းပင် ၊အခုလဲ မနက် ၇နာရီဒေါင်ဆိုတာနဲ့ဗေဒါလေးတို့‌ခြံရှေ့ကိုရောက်နေခြင်းပင်၊

"ရောက်လာပါပြီလား ဗေဒါလေး"

"ရောက်ပါပြီဗျာ"

"ကဲအဲ့ဆိုလဲ ကိုယ်တို့သွားကြတာပေါ့"

"ဟုတ်ကဲ့"

အစောတို့ရွှေတိဂုံဘုရားကိုရောက်တော့အစောရဲ့နေ့နာမ်ဖြစ်တဲ့ အင်္ဂါ ထောင့်မှာဘုရားမီးပူဇော်ရေသပ္ပါယ်ဘုရားရှိခိုးဖြစ်တယ်။

ဘယ်ဘဝကံကအကျိုးတွေကြောင့်ဒီလောက်တောင်ချစ်စရာကောင်းပြီးလူကိုအေးချမ်းစေတာလဲဗေဒါလေးရယ်၊ကိုယ့်စိတ်တွေကိုဆောက်တည်ရာမရအောင်ညို့ယူလွန်းတယ်ကလေးငယ်ရယ်။

"လူကြီး ဟေ့လူကြီး !"

ထိုလူကြီးဘာတွေတွေးနေလဲမသိ၊အစောဘုရားစရှိခိုးကတည်းကမျက်တောင်မခတ်ကိုကြည့်နေတော့တာပဲ၊အခုအစောခေါ်တာတောင်ကြားပုံမရ။

"ဗျို့ လူကြီးဘုရားပေါ်မှာအိပ်ပျော်သွားတာလားဟင်"

"အိပ်မပျော်ပါဘူးဗေဒါလေးရယ် ကိုယ်ကကိုယ့်အရှေ့မှာရှိနေတဲ့ အကြည်ဓာတ်လေးကိုကြည့်နေတာပါဗျာ"

ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)Tempat cerita menjadi hidup. Temukan sekarang