အပိုင်း(၃၄)

589 28 3
                                    

"နာမည်က စော‌ဗေဒါပါ၊အမေကတော့ ဆုံးသွားပါပြီ၊အဖေကလည်းနောက်အိမ်ထောင်ပြုထားပါတယ်၊ဘိလပ်ပြန်ဆရာဝန်ပါ၊တော်ပြီးထက်မြက်တယ်လို့လည်းသိရပါတယ်၊ပြီး ပြီးတော့"

"ပြီးတော့ဘာဖြစ်လဲ ဆက်ပြောလေ!"

"ကုဋေအိမ်တော်ရဲ့လက်ရှိခေါင်းဆောင်ရဲ့ ခင်ပွန်းပါ"

"ဘာ!"

"ဟုတ်ပါတယ် ပြီးတော့ ထပ်ရှိသေးပါတယ် ကလေးတစ်ယောက်ကိုမွေးစားထားပြီး အခုလက်ရှိကိုယ်ဝန်ဆောင်နေတယ်လို့လဲသိရပါတယ်"

"ညီက ကိုယ်ဝန်ဆောင်ထားတာလား?"

"ဟုတ်ပါတယ် ဆရာ၊ မွေးရာပါသားအိမ်ပါတာပါ"

"အော်..."

"ဆရာ ကျွန်တော်တို့ဘာလုပ်ပေးရမလဲ?"

"သူတို့ကိုစောင့်ကြည့်ပေးထား ဟိုကောင်ဘယ်အချိန်အိမ်မှာရှိတာရော မရှိတာရော၊ ပြီးတော့ ညီ ကဘယ်သွားတတ်သေးလဲဆိုတာကိုပါ စုံစမ်းပေးထား"

"ဟုတ်ကဲ့ပါ ဆရာ"

ညီ ဆိုတဲ့စောဗေဒါလေး ကပိုင်ရှင်ရှိပြီးသားလူတဲ့လား၊ ‌ဪ တစ်ခြားသူသာဆိုရင်တော့သူဒီအတိုင်းပဲလှည့်ပြန်သွားမှာဖြစ်ပေမဲ့ ထွဋ်မြတ်ကုဋေလိုလူစားမျိုးရဲ့ခင်ပွန်းဆိုတော့ သူမလှည့်နိုင်ပေ၊ဒီခြေလှမ်းအတိုင်း ဆက်လှမ်းလာမှာပင်၊ အဆုံးသတ်ကဘယ်လိုပဲဖြစ်ပါစေ သူဂရုစိုက်နိုင်ဘူး သူ့နှလုံးသားအစုံကို စ‌တင်တွေ့ဆုံခဲ့တဲ့နေ့ကတည်းကအပိုင်သိမ်းသွားတာမဟုတ်လား၊ ဒီ‌ခြေလှမ်း‌တွေရဲ့အဆုံးသတ်က သေခြင်းတရားလား ဒါမှမဟုတ် အပိုင်ရခြင်းများလား....

ဘေးနားကစားပွဲပေါ်မှာတင်ထားတဲ့ ဆေးပေါ့လိပ်ကိုယူကာ နှုတ်ခမ်းနားကိုတေ့ကာသောက်လိုက်ပြီး စကားတစ်ခွန်းကိုဆိုလိုက်သည်၊
"ညီ့ ကိုချစ်မိတော့မှ ညီနဲ့ပတ်သတ်တဲ့အရာမှန်သမျှကိုချစ်နိုင်သလို ညီ့ကိုရအောင်လုယူဖို့လဲ ကိုယ်ဝန်မလေးဘူး!..."
ထိုအချိန် ထိုနေရာက ထိုဆုံးဖြတ်ချက်က သုံးဦးစလုံးကိုနာကျင်မယ်ဆိုတာကို သိခဲ့ရင်ဖြင့်ပေါ့ နောက်ဆုတ်ခဲ့လေမလား?

***
အိမ်ရာနိုးနိုးချင်း ဘေးနေရာကလွတ်လပ်နေသည်၊ခေါင်းနောက်တောက်တောက်ဖြစ်နေ၍ခေါင်းကြည်စေရန်အလို့ငှာ အခန်းပြတင်းပေါက်ကနေ ခြံထဲကိုလှမ်းကြည့်မိလေတယ်၊ အပင်မျိုးစုံနဲ့လှပနေသလို မကြာမှီကကိုကိုပြုလုပ်ထားတဲ့ ရေကန်ငယ်လေးထဲတွင် ငါးသေးသေးလေးတွေနဲ့ ဗေဒါပန်းခရမ်းရောင်တို့ကိုတွေ့ရလေတယ်၊ အပြင်ဘက်ကိုငေးကြည့်နေတုံး နောက်ကသိုင်းဖက်လာသော နွေးထွေးသည့်လက်တစ်စုံ...

ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ