"ငါ့မှာဝမ်းသာစရာ သတင်းရှိနေတော့ မင်းကိုရွေးချယ်စရာ နှစ်ခု ပေးမယ် ပထမတစ်ခုကမင်းကိုယ်တိုင်လိုက်ပြီး ဗေဒါလေးကိုရှင်းပြတောင်းပန်ပေးရမယ်..."
"ကျွန်မ သေတာတောင် မတောင်း ပန် နိုင် ဘူး!.."
"ကောင်းပြီလေ! ဒါဆိုလည်း ဒုတိယတစ်ခုကိုရွေးချယ်လိုက်ပေါ့ ငါ့တပည့်ကိုယ်တိုင် မင်းကို သတ်ပေးလိမ့်မယ်"
"ရှင် ရှင်တော်တော်ရက်စက်ပါလား ကျွန်မ ဘာအမှားတွေများလုပ်မိလို့လဲ ရှင့်ကိုချစ်ခဲ့မိလို့ပိုင်ဆိုင်ချင်ခဲ့တာလေး တစ်ခုပဲလေ"
"တိတ်စမ်း! မင်းအမှားလုပ်သလဲဆိုတာ မင်းကိုယ်တိုင်မသိဘူးလား ငါ့ကိုချစ်စရာမလိုသလို ငါဆိုတဲ့ကောင်ကလည်း စောဗေဒါဆိုတဲ့လူသားရဲ့ အပိုင်ဘဲ အဲ့ဒါကိုမင်းမြဲမြဲမှတ်ထား!"
"ဟာ့ ရှင်ကလူမဆန်တဲ့လူပဲ ကောင်းပြီလေ ကျွန်မကိုယ်တိုင်လိုက်ပြီး တောင်းပန်ပေးပါ့မယ်"
"အင်း တစ်ခုခုလုပ်ဖို့တော့ ယောင်လို့တောင် မတွေးမိစေနဲ့!"
လက်ထဲမှာကိုင်ထားသော သေနတ်ကိုထိုအမျိုးသမီး၏ဦးနှောက်နားကိုချိန်းပြီး ပြောလိုက်လေတယ်၊"စိတ်ချပါ ကျွန်မကိုယ်ကျွန်မထိခိုက်အောင် မလုပ်ပါဘူး"
"ငါစိတ်မဝင်စားဘူး"
"ဟာ့ ရှင်ကကျွန်မကိုအခုချိန်ထိအောင် ရူးသွပ်အောင်စွဲဆောင်နိုင်တုံးပဲနော်"
"စကားရှည်မနေနဲ့ လာကားပေါ်တက်"
ဆေးရုံသို့တန်းမောင်းသွားကာ VVIP အခန်းထဲကိုတန်းခေါ်သွားပြီး အခန်းထဲရောက်တာနဲ့ပြတင်းပေါက်အနားမှာရပ်စောင့်နေသော သူ့ချစ်သည်း..."ဗေဒါလေး နိုးနေတာကြာပြီလား"
"မကြာသေးပါဘူး ကိုကို ဟိုအမျိုးသမီးကဒီကိုဘာကိစ္စရှိလို့လာတာလဲဟင်"
"ဗေဒါလေးစိတ်ထဲမှာစနိုးစနောင့်ဖြစ်နေမှာစိုးလို့ လာရှင်းပြခိုင်းတာပါ"
"အော်.."
"မင်း ကို တို့တောင်းပန်ပါတယ် တကယ်တော့အဲ့ညကအစ်ကိုကအိပ်ပျော်နေပြီး တို့နဲ့ဘာမှမဖြစ်ခဲ့ပါဘူး အထင်လွဲစေချင်လို့တမင်လုပ်လိုက်တာပါ"
![](https://img.wattpad.com/cover/298615939-288-k411458.jpg)
ESTÁS LEYENDO
ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)
Romanceကိုကိုရဲ့ဆုတောင်းတွေအကုန်လုံးက ဟော့ဒီ့က ဗေဒါလေးကို အရင်းတည်ပါတယ်ဗျာ..... Start date-18.1.2022 End date-30.4.2022