အပိုင်း(၃၆)

782 30 1
                                    

အပူချိန်ကတအားမြင့်တက်လာသောကြောင့် နေရထိုင်ရသည်မှာအဆင်မပြေလှပါ၊အထဲကအကောင်ပေါက်‌ကလည်း သူ့အဖေမရှိကတည်းကအတော်ပင်ဆိုးနေတာပင်၊ အစောရဲ့ဗိုက်က ၆ လတည်းရှိသေးပေမဲ့ ၈ လ ၉ လအရွယ်လောက်ဖြစ်နေသည်၊ဗိုက်ကပိုကြီးလာတာနဲ့အမျှ ခြေ‌ဆစ်လက်ဆစ်တွေကိုက်လာသလို ကိုကို့ကိုလည်း အလွန်ပင်သတိရလေတယ်၊ သွားတုံးကတော့ ၃ လပဲဆိုပေမဲ့ အလုပ်ကိစ္စတွေကမပြီးပြတ်သေးတာကြောင့် နောက် ၂ လလောက်‌ထပ်နေရအုံးမယ်တဲ့၊မွေးဖွားခါနီးကျရင်တော့ ဘေးမှာကိုကို့ကိုရှိစေချင်ရဲ့....

"အစ်ကိုလေး ရွှေရင်အေးသည်လာနေပြီ သွားဝယ်ပေးရမလား?"

"နေ နေ ငါ့ဘာသာသွားဝယ်လိုက်မယ်"

"ဟို ဟို ဒါပေမဲ့သခင်ကြီးကအစ်ကိုလေးကိုအပြင်မထွက်ခိုင်းပါဘူး"

"မင်းမပြောရင် ကိုကိုကသိမှာတောင်မဟုတ် "

"ဟုတ်ဟုတ် အဲ့ဆိုလည်းကျွန်တော်လိုက်ခဲ့မယ်လေ"

"မလိုက်နဲ့ရတယ် အိမ်ရှေ့လေးတင်ပဲဟာကို ခနပဲကြာမှာ"

"ဟုတ်ကဲ့ပါ အစ်ကိုလေး"
ခြံထဲမှာထိုင်နေရင်တောင် ကိုကိုကလိုက်ခိုင်းတာပါဆိုတဲ့ အကြောင်းပြချက်နဲ့နောက်ကနေတကောက်ကောက်လိုက်နေလေတယ်၊ မကြိုက်ပေမဲ့လည်း ကိုကိုစိတ်မကောင်းဖြစ်မှာစိူးလို့သူ့မှာမငြင်းရက်ပေ၊ ‌အဖေကတော့ နှစ်ရက်ခြားတစ်ခါ သုံးရက်ခြားတစ်ခါ သူ့ကိုလာကြည့်သည်၊

"ရွှေရင်အေး တစ်ပွဲပေးပါ ၊ ကောက်ညှင်းမထည့်နဲ့ကျောက်ကျောများများထည့်ပေးပါ"

"ဟုတ်ကဲ့"
ရွှေရင်အေး ဝယ်နေတုံး လူတစ်ယောက်ကသူ့အနားကိုကပ်လာပြီး ပုဝါတစ်ခုနဲ့သူ့နှုတ်ခမ်းနားကိုအုပ်လိုက်သည်၊ပထမတုံးကတော့သူရုန်းပါသေးတယ်၊ပြီးတော့ လူကအားမရှိတော့ပဲ မျက်စိကအမှောင်အတိကိုဖုံးသွားခဲ့လေတော့တယ်၊

***
"မင်းတို့ အစ်ကိုလေးရော ခြံနောက်မှာလား"

"မဟုတ်ပါဘူး ဦးလေး အစ်ကိုလေးကရွှေရင်အေး သွားဝယ်တာအခုထိကိုပြန်မလာသေးပါဘူး"

"ဘာ! မင်းတို့တွေလိုက်မရှာဘူးလား?"

"လိုက်ရှာပါတယ် မတွေ့ပါဘူး သခင်ကြီးကိုလည်းစာနဲ့လှမ်းအကြောင်းကြားထားပါတယ်"

ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)Where stories live. Discover now