အပိုင်း(၂၀)

705 41 0
                                    

"အင့် ဟင့် ... အိပ်လို့ကောင်းလိုက်တာ ဘယ်အချိန်ရှိနေပြီလဲမသိ"

"ညနေ ၅ နာရီထိုးပါပြီဗျာ "

"ဟာ တကယ်! အစော အကြာကြီးအိပ်လိုက်မိတာပဲ"

"အကြာကြီးအိပ်လိုက်လည်း ဘာဖြစ် ပင်ပန်းလို့အိပ်တာပဲကို"

"ဟုတ်တယ်နော်"

"ဗေဒါလေးကို ကိုကိုပြောအုံးမယ် သူရိန်တို့မင်္ဂလာဆောင်ကမနက်ဖြန်ဆိုတာ သိတယ်ဟုတ်"

"ဟုတ်သိတယ်လေ ကိုကို"

"ကိုကို တို့ဒီညကြိုသွားကြမယ် ဟိုမှာကဦးစီးမဲ့လူကြီးသူမ မရှိဘူးဆိုတော့ ကိုယ်တို့သွားလုပ်ပေးရမယ်"

"အာ သွားရမှာပေါ့ ကိုကိုရဲ့၊ လူနာကလည်း မနက်ဖြန်လောက်မှနိုးမှာဆိုတော့ မင်္ဂလာဆောင်ပြီးမှသွားကြည့်လိုက်မယ်"

"ကောင်းပါပြီဗျာ သခင်လေးသဘော ‌ကိုယ့်သခင်လေးကမျက်လုံးနှစ်လုံးပွင့်တာနဲ့အလုပ်အကြောင်းပဲတွေးနေတော့တာပဲ အလုပ်သရဲလေး"

"ဟာ ကိုကိုနော် ‌အစောကအလုပ်သရဲဆိုရင် ကိုကိုနဲ့တူလို့ဖြစ်မယ် ကိုကို့အကျင့်တွေကူးလာတာလေ"

"ဟားး ဟားးး ဟုတ်ပါပြီဗျာ"

"အဲ့ဆို အစောရေသွားချိုတော့မယ်နော် "

"ကိုကိုပါလိုက်ချိုးမယ်လေ "

"ကိုကိုနှာဘူးကြီး"

"အဟားး"

အစောရေချိုးပြီးတာနဲ့အင်္ကျီနဲ့ပုဆိုးဝတ် ကိုကို့အတွက်အဝတ်အစားထုတ်ပေးပြီးတာနဲ့အောက်ထပ်ကိုဆင်းလာခဲ့လိုက်တော့တယ်၊

"အိမ်တော်ထိန်းရေ အစော အတွက်ဘာချက်ထားသေးလဲဟင်"

"ဘာမှတော့မချက်ထားပါဘူး အစ်ကိုလေး ဒါပေမဲ့ သခင်ကြီးဝယ်ပေးထားတဲ့ ကြာဇံကြော်တော့ရှိပါတယ်"

"ဟုတ် အစောကိုအဲ့ဒါလေးထည့်ပေးပါနော် ပြီးတော့ သံပရာရည်ချည်ချည်လေးနှစ်ခွက်ဖျော်ပေးပါ"

"ဟုတ်ကဲ့ပါ အစ်ကိုလေး"

အပေါ်ထပ်ကဆင်းလာတာနဲ့ သူဝယ်ပေးထားတဲ့ ကြာဇံကြော်ကိုမြိန်ရည်ရှက်ရည်စားနေသော ဗေဒါလေးဘေးနားသို့ဝင်ထိုင်လိုက်လေသည်၊

ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)Où les histoires vivent. Découvrez maintenant