အပိုင်း(၁၄)

705 46 0
                                    

"ချစ်တယ်....."

"......"

"သက်ထားကရော "

"အင်းးးးး ချစ်သလိုလိုပါပဲ"

အမှောင်ထုထဲသို့ရောက်ရှိသွားပြီးဟန်နီတစ်ယောက်လိုက်ရှာနေမိလေတယ်၊

"သက်ထား သက်ထားရေ"

"........"

"အဟင့် ဟင့် ဘယ်ပျောက်သွားတာလဲရှင် ဟန်နီ့ကိုတစ်ယောက်တည်းထားခဲ့တော့မှာလား ပြောတော့ဟန်နီ့ကိုသိပ်ချစ်တာဆို"

၃ နှစ်ပင်ရှိခဲ့ပြီလေ၊ဒီအိမ်မက်ကိုပဲဆက်တိုက်မက်ပြီး အိမ်မက်ဆိုးအနေနဲ့သာသူ့ဘဝမှာကျန်ရစ်ခဲ့တာပေါ့၊

မှောင်မိုက်ပြီးညတာရှည်တဲ့ညတစ်ညမှာပေါ့၊သက်ထားတစ်ယောက် ည၁၀ နာရီထိုးသည့်တိုင်အောင်အဆောင်ကိုပြန်မရောက်ခဲ့ဘူး၊ဟန်နီလည်းအတော်ပင်စိတ်ပူလွန်းလှနေပြီ၊တစ်ညလုံးလည်းအိပ်မရချေ၊မနက်မိုးလင်းတော့ သက်ထား ပြန်ရောက်နေတာကိုတွေ့ရလေတယ်၊ဟန်နီလည်း ‌စိတ်ပူလွန်းလို့ဒေါသထွက်ပြီးပြောလိုက်မိလေတယ်၊

"သက်ထား တစ်ညလုံးဘယ်သွားနေတာလဲ ဟန်နီဘယ်လောက်စိတ်ပူနေလည်းဆိုတာရောသိရဲ့လား ဟမ်!"

"....."

"ပြောလေလို့ နားလေးနေသလား"

"မင်းနဲ့ဘာဆိုင်လို့ကိုယ့်ကိုလာပြောနေရသလဲ ကိုယ့်ဘာသာ‌ဘယ်နေရာသွားသွား မင်းအပူပါလို့လား လာပြီး ဆရာကြီးမလုပ်စမ်းပါနဲ့"

"ဘာ! ဟန်နီကသက်ထားကိုစိတ်ပူလို့ပြောနေတာလေ ဒါကိုမသိတာလား မသိချင်ယောင်ချင်ဆောင်နေတာလား"

"သိလည်းမသိသလို မသိလည်းမသိချင်ပါဘူး ဒီနေ့ကစပြီး သက်ထားကိုလာပြီးဂရုစိုက်မနေပါနဲ့ မင်းနဲ့ကိုယ်နဲ့က သွေးသားတော်စပ်တာလည်းမဟုတ်ဘူး၊ပြီးတော့ ကိုယ့်ကိုချုပ်ခြယ်နေတာလည်း နဲနဲလေးမှမကြိုက်ဘူး"

"ကောင်းပြီလေ ဒီလိုနေမယ်ဆိုရင်လည်းနေကြတာပေါ့"
ဟန်နီ့ဘက်ကစိတ်ပူလွန်းလို့ဒေါသထွက်ပြီးပြောလိုက်မိတာကိုသူ့ဘက်ကကိုယ့်စေတနာကိုစော်ကားသွားသည့်အတွက်ဟန်နီအတော်ပင်စိတ်ဆိုးမိလေတယ်၊မှတ်လောက်သားလောက်အောင်ခနတော့ပစ်ထားဖို့စဉ်းစားထားလေတယ်၊

ဗေဒါလေးမို့ မချစ်ရက်ပါ❣️ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ