ဇာတ်လမ်းလေးဘယ်လိုစ
မြှာပွေသောယောင်္ကျားငယ်၏မျက်ဝန်းနက်နက်တွေနဲ့စတယ် ။စိတ်လိုလို့ခနဲ့တဲ့တဲ့ပြုံးများကြည့်လိုက်ရင်
ပစ်လဲကျသွားမတက်ပဲ...အနည်းငယ်အကျေသားဖွထားတဲ့
ဆံသားတွေဟာခပ်ရှုပ်ရှုပ်ဖြစ်နေရင်တောင်
အမိုက်ဆုံးဖြစ်အောင်ပံပိုးထားသည်
ဆံပင်တွေကိုလက်ဖဝါးတွေနဲ့ထိုးဆွရင်း
ခပ်ပေပေလှမ်းလျှောက်တတ်သောညနေဆည်းဆာတိုင်းဟာ သိပ်လှတာမို့
လူတိုင်းအသည်းစွဲအမူအရာတစ်ခု...ယောင်္ကျားပီသတဲ့မေးရိုးလိုင်းတွေအား
မဆီမဆိုင်နှုတ်ခမ်းထူလေးတွေနဲ့
တွဲမြင်ရရင်တစ်မျိုးပဲ
သေချာပေါက်သူ့ကိုမြင်တဲ့လူတိုင်းလှိုင်းတစ်ခုဖြစ်ပေါ်သွားမှာအသေအချာ...အနက်ရောင်အပေါက်တွေအရိုးခေါင်းတွေ
ပါတဲ့တီရှပ်မျိုးတွေကို Jeans pants သို့မဟုတ် Leather pantတွေနဲ့တွဲဝတ်တတ်သည် မရေတွက်နိုင်သော Accessories တွေမျိုးစုံကိုမှ Lips ring လေးကအားကျချင်စရာ....
ထိုနှုတ်ခမ်းလေးနားအမြဲရှိသည်ကိုကိုရဲ့ Lips ringလေးဖြစ်ချင်တာလို့ဘာတို့
သောင်းခြောက်ထောင်သောpostတွေဟာ
တက္ကသိုလ်Groupတွေထဲ
ပလူပျံနေလျှက်ပင်...။Second year
Music Major က"P.J.M"Rock band leader Park Jimin ဆိုမသိတဲ့သူမရှိ
Leather ဖိနပ်သံကြားတာနဲ့
တစ်ကျောင်းလုံးကျောင်းသူသာမကကျောင်းသားတွေပါ ဝိုင်းနေပြီးသား...P.J.Mmean(Parjmin×JungHoseok×Minyongi)
အနက်ရောင်ကိုမှ ရွှေရောင်လိပ်ပြာ
စတစ်ကာတစ်ခုပါသော သူ့သင်္ကတ
Guitarလေးကိုသိုင်းလွယ်ထားသူအား ကျောင်းဝန်းထဲမသိသူမရှိလောက်အောင်အမည်သိပ်ကိုထင်ထင်ရှားရှားရယ်...။မနာလိုသူတွေတော့ရှိပေမယ့်
အနည်းငယ်တော့သနားဖို့ကောင်းပါသည်
သူတို့မှPark Jiminကို စိတ်မဝင်မစားပဲမနေနိုင်ပဲ ဖြစ်တည်မှုစုပ်ပဲ့ပဲ့လေးတွေမို့
ထည့်တွက်မနေချင်တော့...။"Shibar..ငါ့ရှေ့မှာပိတ်ရပ်မနေနဲ့"
တစ်ပတ်မှာ၆ရက်လောက်စိတ်မကြည်နေတတ်ပြီး ကျန်တစ်ရက်မှာဒေါသဖြစ်နေသာ
Rock band ကအဆိုးလေးသည်သိပ်ကိုရိုင်းတာကလည်း ထူးခြားတဲ့အချက်ပင်...