ခက်ထန်ခြင်းမျိူးစေ့နဲ့ပျိုးခဲ့သော
ခက်ရိုင်းရိုင်းပန်းတစ်ပွင့်
အနမ်းရှိုင်းရှိုင်းတွေနဲ့ရှိုက်သွင်းလည်း
အလှပျက်ခြင်းမရှိခဲ့
နက်ဆွေးဆွေးပွင့်ဖက်တွေနဲ့
စွမ်းပကားသည်ဆန်းဆန်းပြားပြားရယ်...ငရဲမှာပွင့်သောပန်းမို့ တောက်လောက်နေအုံးမှာပဲ...
ရူးတော့မှာပဲ ခင်ဗျားရယ်...။
••••••••••••••••••••••••••••••••••••••••••••••••••
အနက်ရောင်မွေ့ယာထက် အဝတ်အစားတွေလစ်ဟင်းနေသောအမျိုးသားနှစ်ဦးသည်ပွေ့ဖက်ထားသောအနေအထားနဲ့မျက်စိရှက်ဖွယ်ရှိနေကြသည်။လူကောင်ကြီးကြီးကောင်လေးသည်
တောင့်တင်းပေမယ့်သေးငယ်သောရင်ခွင်ထဲတိုးဝှေ့ပြီးရင် တိုးဝှေ့နေကာ နှစ်ယောက်သားကြား လေတောင်တိုးဖို့နေရာမရှိခဲ့...။
အမုန်းတွေဟာသိပ်သြချစရာပါ။နွေးထွေးလိုက်တာ မရတာကြာသောရင်ငွေ့လေးမို့ စူးစမ်းရူရှိုက်မိရင်း မနက်အိပ်ယာနိုးနိုးချင်းမှာ သတိတွေမကပ်နိုင်...။
"ဟင်"
တစ်ချက်သတိရသွားကာ အသည်းအသန်မျက်လုံးတွေဖွင့်ကြည့်မိလိုက်တော့
ရင်းနှီးသောကိုယ်သင်းနံ့ပိုင်ရှင်က
Park Jiminဖြစ်နေသည်။ဘယ်လိုကနေ ဘယ်လို ဒီလူ့ရင်ခွင်ထဲရောက်နေရပြန်တာလဲ ....။
မျက်ဝန်းဝိုင်းငယ်တွေသည် လှည်းဘီးလောက်ပြူးထွက်လာကာ လန့်ဖြန့်သွားသည်။ ချက်ချင်းငုတ်တုတ်တွေထထိုင်မိကာရူးချင်ချင်အနေအထားသို့ရောက်ရှိသွားသလို....။
ဒီလိုအငွေ့အသက်မျိုးတွေလုံးဝစွဲလန်းလို့မဖြစ်ဘူးလေ..။ အရူးလိုဒီလူရင်ခွင်ထဲဘာလို့ဝင်အိပ်မိနေရတာလဲ...။ အဝတ်အစားတွေရော...။
"အားးးး"
"shibar! ဘာလို့အဲ့လောက်အော်နေရတာလဲနားငြီးတယ်"
အသဲဗြဲကြီးနဲ့ထအော်တဲ့အခါ မကြည်မလင်မျက်ဝန်းကျဥ်းတွေအား ဖွင့်တောင်မဖွင့်နိုင်
စိတ်မရှည်စွာထဆဲသည်။ မင်္ဂလာဦးနံနက်ခင်းတွေသည်ကျက်သရေရှိရှိ...။