စာရွက်အလွတ်တွေထဲ
ရေးချမယ့်စာသားတွေပျောက်ဆုံးနေတယ်
ဒါပေမယ့် ရေးချင်နေတဲ့ အာသီသတွေက
ပျောက်မသွားဘူးခံစားချက်မဲ့နေသော်ငြား
ပျင်းရိနေသော်ငြား
စိတ်ကူးတည့်ရာအဖြာဖြာကို
လွမ်းခြင်းမရှိလည်းဆွေးမြေ့စွာ
ရေးဖွဲ့သီကုံးချင်တယ်ကဗျာတွေရေးရမလား...
ဟင့်အင်း... Park Jimin ဆိုတဲ့ နာမည်တစ်လုံးထဲနဲ့ နှလုံးသားလိုလားချက်တွေကို
ဖြေရှင်းနိုင်မယ်ထင်တယ်မြတ်နိုးခြင်းတွေမှာ အကြိမ်ကြိမ်အခါခါဒုက္ခရောက်လည်းမျက်ဝန်းကျဉ်းတွေထဲရောက်သွားရင် ကျွန်တော်မေ့မေ့ပျောက်ပျောက်ပါပဲ...
မြတ်နိုးခဲ့တာကလား... မဖြစ်နိုင်တာ
နှုတ်ခမ်းထောင့်စွန်းကခနဲ့တဲ့တဲ့အပြုံးတွေကို
ကျွန်တော်မုန်းမိပါတယ် ဒါတော့သေချာခဲ့တယ်ခွင့်လွှတ်ပေးနိုင်စွမ်းတွေမှာ
အကန့်အသတ်ရှိတယ်
နှလုံးသားတွေထပ်ခြမ်းပိုင်းဖို့အကြံအစည်ကြီးသူကို ကျွန်တော်ဘယ်လိုစိတ်ထားမျိုးနဲ့
သဘောထားကြီးပေးရမလဲ....ခံစားချက်တွေလည်းမကောင်းဘူး
နေလို့လည်းမကောင်းဘူး
တစ်စုံတစ်ခုမှမမြင်တွေ့ရပေမယ့်
အသည်းကွဲနေသလိုခံစားချက်တွေကတကယ်ကိုအဆင်မပြေဘူး...တွေဝေမှုကင်းမဲ့သော မျက်ဝန်းနက်နက်တွေ
တစ်ခါတစ်ရံအိမ်မက်ထဲရိသဲ့သဲ့လုပ်တတ်သည် ရူးခါးမှုတွေကအဆုံးမရှိ...ထူးခြားတဲ့စိတ်ဆက်သွယ်မှုတွေနဲ့
Jungyeon ကိုစိတ်ထဲအရမ်းထင့်နေတာကြောင့် ဖုန်းလှမ်းဆက်မိသည်
တော်တော်နဲ့မကိုင်လေ ရင်တွေပူလာလေပဲ
သေချာတယ် သူမတစ်ခုခုဖြစ်နေတယ်"ပြော..."
တိုးရှရှဖြေသံသည် အားမရှိ
ဒုက္ခတွေလွယ်ပိုးထားမှန်းသိသာပါသည်"Jungyeon...နင်တစ်ခုခုဖြစ်နေတာလား"
"ငါ .... ဘာမှမဖြစ်ပါဘူး"
"မလိမ်နဲ့ ငါသိနေတယ် နင်တစ်ခုခုဖြစ်နေတယ်"
"Jungkook... ah..."
သူမဘယ်လိုမှလိမ်လို့မရမှန်းသိနေတဲ့အခါ
ရှုံးပွဲချငိုသံသည် ရင်ဘတ်တွေနာလာသည်
မျှဝေခံစားနေရသော
အမြွှာဆက်ထုံးအား မုန်းလှပါသည်။