ကျွန်တော်သူ့ကိုမလွန်ဆန်နိုင်ဘူး။
ဟိုနေ့ကပြဿနာတွေပြီးတည်းက သူ့ကိုလက်ဖျားလေးနှင့်ပင် နာကျင်အောင်မလုပ်ရက်တော့ဘူး။ ကိုကိုဆိုတဲ့နူးညံ့တဲ့သရုပ်လေး ပေါ်လာခဲ့တော့ သနားမိလာတယ်ထင်ပါရဲ့...။ပိုတွယ်တာမိသွားမှာလည်းကြောက်တယ်။ ငရဲက သူ့ကိုမပေးနိုင်ဘဲ ကိုယ်တိုင်ဘဲ ရောက်ရောက်နေရတဲ့ အဖြစ်ကလည်းမလွယ်လွန်းပါ။ ဖြစ်နိုင်ရင် Park Jimin နဲ့ဝေးဝေးနေချင်ခဲ့သည်။
"ဒါဘယ်လိုဖြစ်ရတာလဲ။ သူ့အင်္ကျီကရော"
Yoongi hyung ဖုန်းဆက်ခေါ်လို့ သူအသည်းအသန်ပြေးလွှားပြီးရောက်လာခဲ့ပေမယ့် ဖြစ်ပျက်နေတဲ့ ပုံပန်းသဏ္ဍာန်ကို မြင်တော့ သွေးတွေတိုးသွားသည်။
"သူဘယ်နားချွတ်ထားခဲ့မှန်း ငါတို့လည်းမသိလိုက်ဘူး"
"ကျစ်! ခင်ဗျားတို့နဲ့တော့ သိပ်ခက်တာပဲ"
အင်္ကျီဗလာကျင်းကို စင်နောက်ကသူတို့ပဲမြင်တယ်လို့ထင်နေသေးတာတောင် ပြင်းထန်သော မျက်ဝန်းတွေနှင့် ကြည့်သည်။ တစ်ကမ္ဘာလုံးပျံ့နေတာသာ သိသွားရင် Jeon Jungkook မေ့ပါလဲသွားမလား မသိ။
သူအပေါ်ထပ်ကုတ်အင်္ကျီအားချွတ်၍ Jimin ကိုဝတ်ပေးလိုက်ကာ ကြယ်သီးတွေကို လုံအောင်တတ်ပေးလိုက်သည်။ မျက်စောင်းတွေနှင့် လူအားလုံးကို ပတ်ထိုးပြီး သူ့လူအား ပွစိပွစိဆူပူနေသေးတာပင်။ ကုန်းပိုးပြီး ခေါ်သွားဖို့မလုပ်ခင် hobiကခဏဆွဲထားကာ စိုးရိမ်ပူပန်သော မျက်ဝန်းတွေဖြင့်...။
"ဒီရက်ပိုင်းအတွင်းသူ့ကိုသေချာဂရုစိုက်ပေးပါ။ ဖြစ်နိုင်ရင် အပြင်မထွက်ပါစေနဲ့"
"သူ့လိုလူမျိုးက မထွက်နဲ့လို့တားရင် ငြိမ်နေမယ့်လူမျိုးလား"
"တက်နိုင်သလောက်တားပေးပါ ဖြစ်နိုင်ရင်ပေါ့။ ပြီးတော့ အိမ်ရောက်ရင် သံပုရာရည်လေး တိုက်ပြီးမှ အိပ်ခိုင်းနော်"
"ကျွန်တော့်ယောင်္ကျားပါ Hyungစိတ်ပူစရာမရှိဘူး"
"သိ ...သိပါတယ်"
မျက်ခုံးတွေတွန့်ချိုးပြီးပြောလိုက်တဲ့စကားကြောင့် Hobi ထပ်မှာမယ့်စကားတွေ လည်ချောင်းထဲ တန့်သွားသည်။ Park Jimin ယောင်္ကျားလို့မပြောရဘူး ဒီကောင်လေးက ပြင်းထန်လွန်းလိုက်တာ ။