ထောင်လွှားလိုက်စမ်းပါ Park Jiminရယ်....
ဒီကမ္ဘာမှာ ခင်ဗျားမာနတွေရိုက်ချိုးမယ့်လူအဖြစ် ကျွန်တော်စံချိန်တင်ချင်လို့
အပြည့်အဝထောင်လွှားလိုက်စမ်းပါ...။"Fuck! သောက်ကျိူးနည်း
ဘယ်လိုစိတ်ကူးတွေလဲ..."လက်ထပ်ရမယ် ခင်ဗျားယောင်္ကျားဖြစ်မယ် ဆိုလည်း သူကရယ်ကျဲကျဲပဲ
အံသြပြီးဆဲလာတာကလွဲ ကျန်တာမရှိ...။"ကလေးကိုစောင့်ရှောက်ရမယ်လေ
မဟုတ်ရင် အဆိုးအပေအတေအကျင့်စရိုက်
တွေထွက်လာမှာ...""ပညာတတ်ကြီးကလည်း...နောက်ပြီ"
"ခင်ဗျားနဲ့ကျွန်တော့်ကြားမှာ
နောက်ပြောင်ရမယ့်ဆက်ဆံရေးတွေမရှိတော့ပါဘူး အတည်ထပ်ပြောမယ်
ကျွန်တော်တို့လက်ထပ်ကြရလိမ့်မယ်""ဟက် ... ငါကလွယ်လွယ်ကူကူလက်ခံမယ့်လူစားလား..ကလေးလေး မင်းတွေးတာရုပ်ရှင်ဆန်သွားပြီ"
စီးကရက်ငွေ့တွေမှုတ်ထုတ်လိုက်တာ Jeon Jungkook မျက်နှာတည့်တည့်...
ပိုးကောင်းမွှားကောင်လေးလို
သူလှောင်ပြန်နေသည်။
ဘယ်လိုမာကြောပြမှ ဒီလူတုန်လှုပ်မှာလဲ...။"ဒါဆိုလည်း ကိစ္စမရှိပါဘူး တူမလေးကို
ကျွန်တော်တို့ကခေါ်ထားရုံပဲ
ခင်ဗျားအမေနဲ့ပဲရှင်းပါ"ခုချိန်ထိကလေးမျက်နှာသူမကြည့်နိုင်သေး
သူ့စိတ်ထဲလည်းအပြည့်အဝလက်မခံနိုင်သေးပါJungyeon နဲ့သူ ကလေး ရမယ့်ဆက်ဆံရေးတွေလို့ မသတ်မှတ်ထားမိလို့များလား...
မာမီကရောဘာတွေသွားရှုပ်ထားတာလဲ...။"သောက်ရူးတွေပဲ အကုန်လုံး!"
"ခင်ဗျား card တွေအကုန်လုံးကျွန်တော့်နာမည်နဲ့လွှဲပေးလိုက်ပြီ ဘယ်အချိန်မဆိုပိတ်လိုက်လို့ရတယ်ဆိုတာသဘောပေါက်ထားပေးပါ"
"ဘာသောက်ချိုးလဲ ..မင်းနဲ့ဘာဆိုင်လို့ငါ့cardတွေကို..."
အသံတွေတောင်တုန်သွားရှာပြီ
ဟက် ငွေတွေကိုတော့တကယ်ချစ်ရှာတာပဲ...။"ခင်ဗျားယောင်္ကျားဖြစ်ခြင်းတွေရဲ့
အကျိုးကျေးဇူးပေါ့""အဲ့ကလေးကိုမင်းတို့လိုချင်ရင်
ယူသွားလိုက်ပါ အာရုံတွေလာမနောက်နဲ့"