Ep-13🕷

1.4K 217 121
                                    

လှည့်ဖျားမှုနက်နက်တွေ၏ဝဲဂယက်ထဲ
မှောင်မှောင်မဲမဲ ဒေါသတကြီးတိုးဝင်မိတော့
ရိသဲ့ခြင်းတွေနဲ့ လှောင်ပြုံးတွေတသီကြီးရခဲ့တယ်။ သူကျွန်တော့်ကို လက်သည်းထဲဝင်နေတဲ့ အမှုန်အမွှားလောက်တောင်စိတ်မဝင်စားဘူး...။

အသဲအသန်အော်ဟစ်မုန်းပြနေလည်း
တုန်လှုပ်မှု စိုးစဥ်းမျှမရှိခြင်းသည် ပို၍မုန်းစရာကောင်းခဲ့သည်။

နောက်တစ်လလောက်နေရင်လက်ထပ်ကြရမယ့်ဟာ ဘာကိိုစိတ်ရူးပေါက်ပြီးထွက်ပြေးတာလဲ...။ အခန်းထဲခွေခေါက်ကိန်းအောင်းနေလို့ နိုင်နေပြီထင်ခဲ့တာ...။

ဖွင့်ဟနေသော သူ့လူရဲ့ အင်္ကျီကြယ်သီးတွေကိုမုန်းသလို လည်တိုင်နဲ့ရင်ဘတ်တွေမှာ
ထင်းနေတဲ့ အမှတ်သားနီစွေးစွေးတို့ကိုလည်းမုန်းတယ်။ သေချာပေါက်နှုတ်ခမ်းထူထူတွေနဲ့ ဖိကပ်ထားတာ...။
မုန်းတယ် သေလောက်အောင်ပဲ......
ကျွန်တော့်အတွက်တော့ သူတို့ချစ်ခြင်းက
ဖောက်ပြန်မှုတစ်ခုလို့ပဲမြင်တာမို့ ပို၍မုန်းတီးတယ်။

"ဝုန်းးး"

ကားအနက်လေးလေပေါ်လွှင့်သွားတဲ့အခါ
ကားအဖြူလေးလည်း ပြိုင်ဆိုင်ခြင်းတွေရပ်တည့်သွားသည်။ စိတ်မောဟိုက်သွားခြင်းတွေသည် စက္ကန့်ပိုင်းလေးအတွင်းမှာပဲ
ရူးသွပ်ဖွယ်....။

သွေးသံရဲရဲတွေနဲ့ Park Jimin နဲ့ သူ့လူကိုမြင်ရတာ သိပ်ပျော်မွေ့စရာပဲ
ဆုံးရှုံးခြင်းကိုခင်ဗျားတို့သိပ်သိစေချင်ခဲ့တာ...

ကိုယ့်ပယောဂနဲ့ဒီလိုဖြစ်သွားတယ်ဆိုတော့
ပိုလိုတောင်ပျော်သေးတယ် သေချာတယ်
ကျွန်တော်ပျော်ပါတယ် ။

ခပ်မဲ့မဲ့ပြုံးရင်း သွေးအေးစွာ
ကြောက်ရွံထိတ်လန့်ခြင်းမျိူးတွေသူ့မှာကင်းမဲ့နေသည်။ ParkJimin ဆီကပဲ သင်ယူတက်ခဲ့လေသလား...။ ဟားတိုက်ပင် ရယ်မောချင်လာသည်။

ဒါပေမယ့် ခင်ဗျားကိုကျွန်တော်ကယ်အုံးမှာ
လွယ်လွယ်သေခွင့်မပေးနိုင်ဘူး
ရှင်သန်ခိုင်းပြီး အရှင်လတ်လတ်ငရဲကိုပို့မှာမို့ ...။

××××××××××××××××××××××××××××××××

ကားတိုက်မှုဖြစ်ပြီး ၂ရက်မြောက်နေ့မှာ
ဒဏ်ရာအများအပြားနဲ့ သဏ္ဍာန်ဆိုးလေး
သတိစရလာတယ်။

... ကုဋေကုဋာအဆိုး...Where stories live. Discover now