ယောင်းဟာ တည်ငြိမ်တယ်
ယောင်း ဟာ အေးချမ်းတယ်
ယောင်း ဟာ လျှို့ဝှက်ဆန်းကြယ်လွန်းတယ်
တစ်ခါတစ်လေခန့်မှန်းရခက်တဲ့
စိတ်တံခါးပေါက်တွေရှိတယ်
နွံဖြူဖြူလေးပေမယ့် ရုန်းခွင့်မရှိဘူး။မျက်ဝန်းစိမ်းလေးတွေ
မတည်မငြိမ်လှုပ်ခတ်သွားမိတယ်
အလုပ်များနေလို့ဝင်လာတာကိုသေချာမကြည့်လိုက်ပေမယ့် ကိုယ်ရှေ့လက်လေးထောက်ပြီး လူကိုထူးဆန်းထွေလာလေးလို့ ဆွဲညို့ညို့လာကြည့်နေပုံသည် ခံစားရခက်သော
ဝေဒနာပြင်းပြင်းရှရှတစ်မျိုးလေး...ဘာသုံးဆောင်မလဲဆိုတော့ မင်းကိုတဲ့....
တော်ရုံလူဆို ဆယ်ခါပြန်ရူးသွားမယ့်လေသံမျိုး....မာယာတစ်သန်း...ထိုမျက်ဝန်းကျဥ်းတွေထဲ
အပြည့်...ကျောင်း၏နာမည်ကြီးbandကအဆိုးလေး
သူမသိပဲနေပါ့မလား
တိတ်တိတ်လေးcrushနေခဲ့တာကြာခဲ့ပေမယ့်
Characterတွေကွာခြားလွန်းလို့ခပ်ဝေးဝေးမှာရပ်ကြည့်နေခဲ့ရတာ...အခုတော့အဆန်းတကြယ်သူရှေ့မှာရပ်နေခဲ့သည်။
တစ်ကိုယ်လုံးဆိုးဆိုးဆာဆာအပြင်အဆင်တွေနဲ့ဆိုပေမယ့်နှုတ်ခမ်းဖူးလေးကတော့ကွဲပြားစွာဖူးကြွနေကာချစ်ဖို့ကောင်းသည်
ဘာလေးမှန်းကိုမသိ...ပင့်ကူလိုနက်ဆွေးဆွေးခပ်ရှုပ်ရှုပ်လေးရယ်
အမျှင်တွေနဲ့ ယှစ်တွယ်မိရင်တော့ဒုက္ခ ပါပဲ...။"တစ်ဆိုင်လုံးဝယ်မယ်လေ ကိုယ့်ကို့ဖုန်းနံပါတ်လေးပေးမလား"
မျက်လှည့်ဆန်မှုတွေကိိုသိလား...
မျက်လုံးမလွဲနိုင်လောက်သောချောမောခြင်းတွေဆိုတာထက် ကြည်လင်သောဓာတ်လေးသည် မိန်းမပေါင်းများစွာနဲ့တွဲခဲ့ပေမယ့်
ထူးဆန်းစွာဒီယောင်္ကျားလှလှလေးဆီကရသည်ချစ်တာမချစ်တာတွေစိတ်မဝင်စားနိုင်သေးပါ ထူးဆန်းသောပစ္စည်းလေးလိုစုဆောင်းချင်လာသောစိတ်သည်နားလည်ရ
တော်တော်ခက်လိမ့်မည်
Jiminသည်အမြဲတမ်းရေရေရာရာခံစားချက်ဆိုတာမရှိ...ဖီလင်ကြည်ရာ နေရာနောက်မျောနေရရင် ကျေနပ်တဲ့သူ...။"တစ်ဆိုင်လုံးမဝယ်လည်း ပေးပါတယ်"
မျက်ဝန်းစိမ်းလေးတွေပိုတောက်လာကာ
ပြန်ဖြေသံသည်သြသြရှရှရီရီဝေဝေလေး
ဆန်းကြယ်သောလက်သွယ်သွယ်တွေနဲ့
ကော်ဖီစေ့တွေအားကယောင်ကတမ်းလျှောက်ကိုင်နေမိသည် သူ၏ချစ်စရာကောင်းမှုသည်လည်းတစ်မျိုးဆန်းခဲ့သည်
သိပ်လှပခဲ့သောFirst impression ပေါ့