ပွင့်ဟနေသောအင်္ကျီလေးကိုဆုပ်ကိုင်ကာ
သွေးပွက်ပွက်ဆူနေသောနှလုံးသားငယ်နဲ့အတူနားလည်ရခက်စွာ မျက်ဝန်းစိမ်းလေးတွေဟာ လှုပ်လှုပ်ခတ်ခတ်...အိမ်ထဲကပိုကရိုပြန်ဝင်လာတဲ့အခါ...
"နင့်ကောင်ကဆေးသမားနော်
သူနဲ့တွဲနေတာရပ် အဲ့လောက်ယောင်္ကျားလိုချင်ရင် ငါတို့အကြွေးရှင်သူဋ္ဌေးလေးရှိတယ် သူ့ကိုယူ"ဒီလိုလူမျိုးတွေအတွက် jimin နဲ့
ရန်ဖြစ်လာရတယ်တဲ့လား
မတန်လိုက်တာ...မေတ္တာပေးလို့မေတ္တာပြန်မရခြင်းတွေသည်
ခါးသီးနာကျင်လိုက်လေခြင်း...။"ယောင်္ကျားလိုချင်တာမဟုတ်ဘူး
Park Jimin ကိုပဲလိုချင်ခဲ့တာ
အကြွေးနဲ့ရောင်းစားတဲ့အထိတော့
မလုပ်ကြပါနဲ့ဗျာ ...""နင်ကောင်းစားဖို့လေ မစဥ်းစားတတ်တာလား"
"ကျွန်တော့်ကောင်လေးလည်း ကြီးကြီးတက်ချမ်းသာတဲ့အထဲကပဲ"
"သူဋ္ဌေးဖြစ်တာကတော့ဟုတ်ပါပြီ
ဟိုကနင့်ကိုယူမှာတဲ့လား
မသေချာမယ့်အလုပ်တွေကိုအစမပျိုးစမ်းပါနဲ့ Kim Tae hyung ရယ်..."မောင် ဘယ်လိုဖြေရမလဲ Minရယ်....
အတည်အကျမရှိတဲ့ နှလုံးသားမို့
မောင်ရဲရဲကြီးအာမမခံရဲသေးဘူးမောင့်အပေါ်လေးစားမှုမရှိတာ ပြုတ်ထွက်သွားတဲ့ အင်္ကျီကြယ်သီးတွေကသက်သေပဲ....
"ဖရိုဖရဲနဲ့ စိတ်ပျက်ဖို့ကောင်းလိုက်တာ
အပျက်အစီးနဲ့ပေါင်းပြီးပျက်စီးနေတော့တာပဲ
သေချာစဥ်းစားပေါ့ Kim Tae Hyungရယ်
ငါတို့သူဋ္ဌေးလေးကလူပျိုကြီးရိုးရိုးအေးအေးလေး....""စိတ်မဝင်စားဘူး"
လှမ်းလာရသော ခြေဖဝါးတွေသည်
မီးကျည်ခဲတွေနင်းရသလို
တစ်ဝက်စီးနှောင်ထားသောဆံနွယ်ရှည်တွေဟာလည်း အင်အားမဲ့စွာ ပွယောင်းနေသည်
ပူလောင်လိုက်တာ သေမလိုပဲ...
ရေချိုးခန်းထဲက
ရေဗန်းတွေအားဖွင့်ချလိုက်ကာ
နံရံတွေအားပွင့်ထွက်မတက်ထိုးနေလိုက်သည် သွေးတွေသည်ရေချိုးခန်းထဲလွှမ်းလျှက်...။မောင့်ကို ဖိအားတွေပေးနေကြပြီMinရယ်
မောင် လို့မခေါ်တောင် ယောင်းလို့ခေါ်သံနဲ့အတူ အရာအားလုံးပေးအပ်ချင်လောက်တဲ့ဒီယောင်္ကျားငယ်လေးကိုမောင်သိပ်ချစ်ခဲ့တာပါမေတ္တာတရားကိုနားမလည်တတ်တာတစ်ခုပဲ..