Ep-10🕷

1.4K 212 114
                                    

"လူနာကိုမကယ်လိုက်နိုင်ပါဘူး"

သေဆုံးခြင်းတွေ....
ကြောက်လွန်းလို့ ဆေးရုံဆေးခန်းစျာပနအခမ်းအနား တွေကိုတောင်မသွားခဲ့တာ
နှစ်ပေါင်းများစွာ.....အင်း ဖေဖေဆုံးပြီးထဲကဆိုပါစို့.....။

မိုးရေတွေထဲသွေးသံရဲရဲနဲ့ Jungyeon ကို
ပွေ့ကာဆေးရုံသို့ ကူကယ်ရာမဲ့....။

ဒါပေမယ့်​နောက်ကျသွားခဲ့ပြီ...။

ချာတိတ်မရာ...

ကိုယ့်ကိုကိုယ် သတ်သေ
ပစ်လိုက်မယ်လို့လုံးဝမထင်မှတ်ခဲ့
မတော်တဆကံကြမ္မာဆိုရင်တောင်
တော်တော်မှားယွင်းနေပါပြီ။

အကောင်းဆုံးမိသားစုကနေ
ဖူးဖူးမှုတ်ခံထားရတဲ့ကောင်မလေး
အချစ်ခံရမှုတွေနဲ့လင်းလက်နေတဲ့ကောင်မလေး
လိုချင်တာမှန်သမျှ ရနေတဲ့ကောင်မလေး
စိတ်ကလေးကောက်တာလောက်ပဲရှိပြီး
အချိန်တိုင်းပျော်နေတတ်တဲ့ကောင်မလေး
ငါ့ကိုဆုံးရှုံးလိုက်ရုံနဲ့ ဘာမှမဖြစ်ဘူး
ငါ့မရှိနေလည်းဘာမှမဖြစ်လောက်ဘူးဆိုတဲ့
စိတ်လေးတွေနဲ့ သူဆိုးမိလိုက်တဲ့အခါ
ခါးခါးသီးသီးတွေ လုပ်ပြသွားတယ်

ကိုကိုမသိခဲ့တာက...
မိသားစုမကလို့ တစ်လောကလုံးတစ်ကမ္ဘာလုံးကပဲဝိုင်းချစ်ကြ ချစ်ကြ
ကိုယ့်ချစ်သူကပြန်မချစ်ခဲ့ခြင်းတွေလောက်
ဘယ်ဟာကများ... ကြောက်စရာကောင်းမှာလဲ..။

ဘာလို့ကားရှေ့ပြေးရပ်လိုက်ရတာလဲ
ဒူးထောက်ကျနေမယ်လို့ထင်ထားခဲ့ပေမယ့်
ပြေးထူလိုက်မယ်လို့တွေးထားခဲ့ပေမယ့်
ဘာလို့အစွန်းရောက်ခဲ့ရတာလဲ...ကောင်မလေးရယ်...

ကိုကိုအများကြီးဆိုးလို့နဲ့တူပါတယ်

ကားသမားကို ကော်လံစဆွဲ
ပြဿနာရှာခဲ့ပေမယ့် car black boxကို
စစ်ကြည့်လိုက်တဲ့အခါ
တကယ့်အရင်းအမြစ်ကိုယ်တိုင်...

မယုံနိုင်လိုက်တာ
မရှိခြင်းတွေကသိမ်းကြောက်ဖို့ကောင်းလိုက်တာ လစ်ဟာသွားခြင်းတွေကရက်ရက်စက်စက်...

ရင်ထဲမွန်းကျပ်ဆို့နင့်သွားခဲ့ကာ
သွေးသံရဲရဲတွေကိုပြန်မြင်ယောင်လာတိုင်း
ရူးချင်ချင်ဖြစ်သွားရသည်

... ကုဋေကုဋာအဆိုး...Where stories live. Discover now